မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် ဇူလိုင် (၁၅)ရက်မှ စတင်၍ မှတ်ပုံတင်ခွင့်ပြု

0
264

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် ဇူလိုင် (၁၅)ရက်မှ စတင်၍ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ကြေညာထားသည်။

နစက၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပြုရန် တင်ပြလျှောက်ထားလာသည့် အစုအဖွဲ့များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်ခွင့်ပြုပေးလျက်ရှိရာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို ၂၀၂၄ ခုနှစ် ဇူလိုင် (၁၅)ရက်မှ စတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) နှင့် အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

၎င်းပါတီမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊ မဟော်ဂနီလမ်း၊ အမှတ် (၂/၂/၂၃ ၂)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားပြီး ပါတီမှတ်ပုံတင်အမှတ်မှာ (၅၀)ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here