ဆန္ဒပြ ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေနဲ့ အစိုးရထောက်ခံသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ခန့် ဒဏ်ရာရ

0
388
Student activists take part in a protest rally before they submit their memorandum to the country’s President on quota reforms for civil service jobs, in Dhaka on July 14, 2024. (Photo by MUNIR UZ ZAMAN / AFP)

ဘင်္ဂလားဒေ့ရှ်အာဏာရပါတီ သစ္စာခံသူတွေနဲ့ အစိုးရဲ့ အလုပ်အကိုင်ခွဲတမ်းချထားမှုကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားအုပ်စုနှစ်ခုအကြား ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

လစာကောင်းမွန်တဲ့ ရာထူးနေရာ ထက်ဝက်ကျော်ကို သီးခြားထိန်းသိမ်းတဲ့ အလုပ်အကိုင် ခွဲတမ်းစနစ်မှာ ထောင်ပေါင်းများစွာသော အစိုးရအလုပ်အကိုင်တွေကို ပါကစ္စတန်ထံက လွတ်လပ်ရေးရခဲ့တဲ့ ၁၉၇၁ စစ်ပွဲအတွင်း တိုက်ပွဲဝင်ခဲ့သူတွေရဲ့ သားသမီးတွေအပါအဝင် သီးခြားအုပ်စုတွေအတွက် ခွဲတမ်းချပေးထားပါတယ်။

ဒီစနစ်ကို ဝေဖန်သူတွေက ထောက်ပြပါတယ်။ ဟာစီနာဟာ အတိုက်အခံပါတီက သပိတ်မှောက်ခဲ့တဲ့ ဇန်နဝါရီလက အထွေထွေ ရွေးကောက်ပွဲမှာ သူမရဲ့ လေးကြိမ်ဆက် ဝန်ကြီးချုပ်သက်တမ်းကို အနိုင်ရခဲ့ပါတယ်။

ဒီခွဲတမ်းစနစ်ကို ယာယီရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ဆုံးဖြတ်ချက်ချခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ သူတို့ ကန့်ကွက်ထားတဲ့ ယင်းစနစ်မှ အစိတ်အပိုင်းတွေကို လုံးဝပယ်ဖျက်သွားတဲ့အထိ ဆက်လက်ချီတက်ဆန္ဒပြသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

ခွဲတမ်းစနစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အာဏာရ အဝါမီလိဂ်ပါတီ ထောက်ခံကျောင်းသားတွေဟာ ဒက္ကာ တက္ကသိုလ်ဝန်းအတွင်းမှာ တနင်္လာနေ့က နာရီပိုင်းကြာ တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပါတယ်။ ကျောက်ခဲတွေ၊ တုတ်ချောင်းတွေနဲ့ ပစ်-ပေါက်ခဲ့ကြသလို တစ်ယောက်ကိုတစ်ယောက် သံချောင်းတွေနဲ့ ရို-က်နှက်တာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓ-ါးရှည်တွေကိုင်ဆောင်ထားသူအချို့ ပါဝင်သလို အချို့က ဓါတ်ဆီမီးပုလင်းတွေနဲ့ ပစ်-ပေါက်တာတွေလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။ တုတ်တွေနဲ့ ရို-က်နှက်တိုက်ခိုက်ကြသလို ကျောက်ခဲတွေနဲ့ အပြန်အလှန်ပစ်ပေါက်တာတွေလုပ်ခဲ့ကြတယ်လို့ ရဲအရာရှိ မိုစတာဂျီယာ ရာမန်က AFP ကို ပြောဆိုခဲ့ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here