မီးဖိုချောင်သုံးဂတ်စ်များ အချို့နေရာဈေးပြန်ကျလာ

0
198

ရန်ကုန်မြို့အတွင်း အိမ်သုံးဂတ်စ်(LPG)များ သည် အချို့ရပ်ကွက်များတွင် ပစ္စည်းပြတ်လပ်နေကြောင်း အရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသည့် အိမ်သုံးဂတ်စ်များ ဝင်ရောက်လာမှုမရှိသေးသည့်အတွက် အရောင်းဆိုင်အချို့တွင် ပြတ်လပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အရောင်းဆိုင်အချင်းချင်း ဝယ်ယူရောင်းချနေရပြီး ဈေးနှုန်းများမြင့်တက်ကာ LPG ဂတ်စ် ပိဿာချိန် ၃၀ ကို ၄၂၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေရကြောင်း အရောင်းဆိုင်များမှ သိရသည်။

” ဂတ်စ်က ပြတ်နေတာကြာပြီ။ ဟိုဘက်ကမဝင်တာ။ အချင်းချင်းပြန်ဝယ်ပြီး ရောင်းဖို့တောင် ပိဿာချိန် ၃၀ ကို ၄၂၀ ,၀၀၀ နဲ့ ပြောနေလို့ ညှိရဦးမယ်။ သင်္ဘောတွေ အဝင်မရှိသေးတာ” ဟု ရန်ကုန်မြို့ရှိ LPG ဂတ်စ်အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အိမ်သုံးဂတ်စ် LPG များကို ထိုင်းနိုင်ငံမှတင်သွင်းရောင်ချရခြင်းဖြစ်ပြီး သင်္ဘောက ပင်လယ်ဝတွင်ရောက်နေပြီး ဝင်ဖို့စောင့်နေကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်များကရန်ကုန်တွင် အိမ်သုံးဂတ်စ် တစ်ပိဿာလျှင် ၁၈,၀၀၀ ကျပ်နှင့်၊ ရှစ်ကျပ်သားတစ်ဗူး လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေပြီး ယနေ့တွင် အချို့နေရာများ ဈေးပြန်ကျလာပြီဖြစ်သည်။

“ဟင်းချက်ဖို့ Gas ဖြည့်တာ ဘယ်မှာမှမရဘူး။ ပြီးတော့ ဂတ်စ်ကလည်းဈေးတတ်လာတယ်။ မီးကလည်းပြတ်တာများ‌နေတော့ ဂတ်စ်ကိုပဲ အားထားနေရတာ”ဟု အိမ်ရှင်မတစ်ဦးက ပြောသည်။

ရွှေပြည်သာတွင်တော့ အဆိုပါအခက်ခဲများရှိနေပြီးယနေ့ဈေး တပိသာ ၁၇၀၀၀ကျပ်ဟုသိရသည်။သာကေတတွင်ယနေ့မနက်က ၁၁၀၀၀ကျပ်ဈေးဖြင့်အလွယ်တကူဝယ်၍ရနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here