အိုဟိုင်းယိုး အထက်လွှတ်တော်အမတ်တစ်ဦးကို ဒုတိယသမ္မတအဖြစ် ထရမ့်ရွေးချယ်

0
432

ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းခြင်းခံထားရသော ဒေါ်နယ်ထရမ့်က အိုဟိုင်းယိုးပြည်နယ်မှ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ဂျေ၊ ဒီ၊ ဗန့်စ်(J.D. Vance) ကို သူ၏ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်ကြောင်း ပြောကြားခဲ့သည်။

“ကြာရှည်စွာ တွေးတောဆင်ခြင်ပြီး အခြားသူများ၏ ကြီးမားလှသော အရည်အချင်းများကို ဆင်ခြင်ပြီးနောက်၊ အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတရာထူးကို ထမ်းဆောင်ရန် အသင့်တော်ဆုံးလူမှာ အိုဟိုင်းယိုးပြည်နယ်၏ ဆီးနိတ်လွှတ်တော်အမတ် ဂျေ၊ ဒီ၊ ဗန့်စ် ဖြစ်သည်” ဟု သူ၏ Truth လူမှုကွန်ရက်အကောင့်တွင် ထရမ့်က ရေးသားခဲ့ခြင်းဖြစ်သည်။

ဂျိမ်းစ် ဒေးဗစ် ဗန့်စ်(James David Vance)သည် ၁၉၈၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့က အိုဟိုင်းယိုးပြည်နယ် မစ်ဒယ်လ်တောင်းမြို့တွင်မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်၍ အိုဟိုင်းယိုးပြည်နယ်လွှတ်တော် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စု မရိန်းတပ်တွင်လည်း(United States Marine Corps) တာဝန်ထမ်းဆောင်ခဲ့ပြီး အိုဟိုင်းယိုးတက္ကသိုလ်နှင့် ယေးလ်ဥပဒေသင်ကျောင်းတို့မှ ဘွဲ့ရရှိခဲ့သည်။ နိုင်ငံရေးလောကထဲမဝင်မီက သူသည် စွန့်ဦးတီထွင်ကုမ္ပဏီများတွင် အလုပ်လုပ်ခဲ့ဖူးသည်။ ၂၀၁၆ တွင် သူသည် သူ့ကိုယ်ရေးအကျဉ်းကို ရေးသား ထုတ်ဝေခဲ့ပြီး အရောင်းရဆုံးစာအုပ်တစ်အုပ် ဖြစ်လာခဲ့သည်။ ဇနီးသည် ဥရှာဗန့်စ်နှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၃ ယောက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here