မြန်မာလှေလှော်အသင်း ကမ္ဘာ့နဂါးလှေပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်

0
84

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့နဂါးလှေပြိုင်ပွဲကို မြန်မာလှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ ကမ္ဘာ့နဂါးလှေပြိုင်ပွဲကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ၌ ချန်ဒူးတွင် ကျင်းပမည်ဖြစ်ပြီး စုစုပေါင်း အသင်း (၁၂)သင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ ၂၀၀၀ အပါအဝင် ပြိုင်ပွဲအမျိုးအစား (၆) မျိုးထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲ (၂)ဆင့်ကိုလည်း ကျင်းပမည်ဖြစ်ကာ အဆိုပါ လက်ရည်စစ်ပြိုင်ပွဲ၏ ပထမအဆင့် လက်ရည်စစ်ပြိုင်ပွဲကို မြန်မာလှေလှော် အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ ပထမအဆင့် လက်ရည်စစ်ပြိုင်ပွဲ၏ စံချိန်အကောင်းဆုံးအသင်းနှစ်သင်းသည် တိုက်ရိုက်လက်ရည်စစ်ပွဲ အောင်မြင်မည်ဖြစ်ကာ ကမ္ဘာ့နဂါးလှေပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here