ရုရှားသည် ဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်သင့်–ဇလန်းစကီး

0
409
WASHINGTON, DC - JULY 11: Ukrainian President Volodymyr Zelensky speaks during a joint press conference with NATO Secretary Jens Stoltenberg at the 2024 NATO Summit on July 11, 2024 in Washington, DC. NATO leaders convene in Washington this week for its annual summit to discuss future strategies and commitments and mark the 75th anniversary of the alliance’s founding Kevin Dietsch/Getty Images/AFP (Photo by Kevin Dietsch / GETTY IMAGES NORTH AMERICA / Getty Images via AFP)

ကိဗ်၊ဇူလိုင် ၁၅

စစ်ပွဲနှစ်နှစ်တာကာလသို့ရောက်ရှိလာပြီးနောက် ခရမ်လင်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အတွက် ယခုနှစ်ကုန်ပိုင်း၌ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို ရုရှား သည် တက်ရောက်သင့်ကြောင်း ဇလန်းစကီးကပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့သည် ၂၀၂၂ ကပြုလုပ်ခဲ့သည့် နှစ်နိုင်ငံကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးမှုနောက်ပိုင်းတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် နှစ်နိုင်ငံလုံးက လက်ရှောင်နေခဲ့ကြခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်လက ဆွစ်ဇာလန်၌ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသို့ ရုရှားကိုမဖိတ်ကြားခဲ့သော်လည်း ကမ္ဘာ့နိုင်ငံခေါင်းဆောင်အသီးသီးကမူ ယူကရိန်း၏တရားမျှတသောဆုံးဖြတ်ချက်ကိုထောက်ခံသည်ဟုဆိုကြသည်။

နေတိုးကာကွယ်ရေးမဟာမိတ် ထိပ်သီးအစည်းအဝေးတက်ရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိပြီးနောက်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဇလန်းစကီးက မော်စကိုမှတာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

ရုရှားကိုယ်စားလှယ်များအနေဖြင့် ဒုတိယအကြိမ်မြောက်ထိပ်သီးအစည်းအဝေးကို တက်ရောက်သင့်သည်ဟုယုံကြည်ကြောင်းလည်း ဇလန်းစကီးကဆက်လက်ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here