အမြန်လမ်းတွင် ခြောက်လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ (၅၂)ဦး အသက်ဆုံးရှုံး

0
263

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယခုနှစ် ခြောက်လအတွင်း ယာဉ်မတော်တဆမှု (၉၀) ကျော်ဖြစ်ပွားကာ ‌ေ-သဆုံးသူဦးရေ (၅၂)ဦးရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ခြောက်လတာအတွင်း မေလတွင် (၂၁) ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ကာ ‌ေ-သဆုံးသူ (၁၀) ဦးနှင့် ဒဏ်ရာရသူ (၃၀) ဦး ရှိခဲ့သည်။

ထိုနည်းတူ ဇွန်လတွင် (၁၉) ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားကာ ‌ေ-သဆုံးသူ (၉)ဦးနှင့် ဒဏ်ရာရသူ (၃၀) ဦးရှိခဲ့ပြီး ဇန်နဝါရီလတွင် (၁၈) ကြိမ်နှင့် ‌ေ-သဆုံးသူ (၁၅) ဦးနှင့် ဒဏ်ရာရသူ (၃၇) ဦး ရှိခဲ့ကြောင်း ထုတ်ပြန်မှုများအရ သိရသည်။

ထို့အပြင် ဧပြီလတွင် (၁၅) ကြိမ်ဖြစ်ပွားကာ ‌ေ-သဆုံးသူ (၇)ဦးနှင့် ဒဏ်ရာရသူ (၃၄) ဦးရှိသလို မတ်လတွင် ‌ေ-သဆုံးသူ (၃)ဦးနှင့် ဒဏ်ရာရသူ (၂၇) ဦး၊ ဖေဖော်ဝါရီလတွင် (၁၂)ကြိမ်ဖြစ်ပွားပြီး ‌ေ-သဆုံးသူ (၈)ဦးနှင့် ဒဏ်ရာရသူ (၂၈) ဦးရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ခြောက်လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း စုစုပေါင်း (၉၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူပေါင်း (၅၂)ဦးရှိကာ ဒဏ်ရာရသူပေါင်း (၁၈၆) ဦး ရှိကြောင်းလည်း သိရသည်။

အမြန်လမ်းပေါ်တွင် လူကြောင့်ဖြစ်သော ယာဉ်မတော်တဆမှုနှင့်၊ ယာဉ်ကြောင့်၊ လမ်းကြောင့်၊ ရာသီဥတုတို့ကြောင့်လည်း ဖြစ်ပွားခြင်းများရှိပြီး အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ မူးယစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ လမ်းကူးသူပေါ့ဆခြင်း၊ ဆိုင်ကယ်ပေါ့ဆခြင်း၊ အနှေးယာဉ်ပေါ့ဆခြင်း၊ ယာဉ်မောင်း မကျွမ်းကျင်ခြင်း၊ မဆင်မခြင်မောင်းနှင်ခြင်း အစရှိသည့် ဖြစ်ရပ်များကြောင့်လည်း ယာဉ်မတော်တဆမှုများ ကြုံလာရခြင်းမျိုးရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here