လားရှိုးမြို့တိုက်ပွဲကြောင့် ဒေသခံစစ်ရှောင်များ “ဝ” ဒေသ ဟိုပန်မြို့တွင် ရာနှင့်ချိီ ခိုလှုံနေရ

0
89

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တိုက်ပွဲကြောင့် ‌ဒေသခံစစ်ရှောင်များမှာ “ဝ” ဒေသ ဟိုပန်မြို့တွင် ရာချိီရောက်ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်ရှောင်များမှာ ဟိုပန်မြို့”ဝ” နှစ်ခြင်းခရစ်ယာန် နယ်ရုံးတွင် ခိုလှုံနေကြခြင်းဖြစ်ပြီး အသင်းတော်နယ်ရှိ တာဝန်ခံလူကြီးများက ကြိုဆိုလက်ခံထားကြောင်း သိရသည်။

ယင်းစစ်ရှောင်များမှာ ဇူလိုင်လ(၁၅)ရက်မှစတင်၍ ယနေ့အချိန်အထိ ရောက်ရှိခိုလှုံနေကြပြီး အများစုမှာ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာမှ စစ်ဘေးရှောင်များဖြစ်ကြောင်း သိရသည်။

“ဟိုပန်ကို ရောက်လာကြတာ ဆက်တိုက်ပဲ။ ည(၇)နာရီထိက တစ်ဖွဲ့ ဒီညလည်း ဆက်လာဖို့ရှိသေးတယ်” ဟု ဟိုပန်သို့ရောက်ရှိနေသော လားရှိုး စစ်ရှောင်တစ်ဦးက ဆိုသည်။

ဟိုပန်မြို့သို့ရောက်လာသည့် စစ်ဘေးရှောင်များအား ဟိုပန်နယ် “ဝ” နှစ်ခြင်းခရစ်ယာန် အသင်းတော်များအဖွဲ့က ဦးဆောင်၍ လိုအပ်သည့် နေရာထိုင်ခင်းများကို ပြင်ဆင်ထားပေးကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသော တစ်ကျော့ပြန်ရှမ်းမြောက်တိုက်ပွဲများကြောင့် လားရှိုး-သီပေါ-ကျောက်မဲဘက်မှ ဒေသခံများ ပန်ဆန်း၊ နမ့်တစ်နှင့် ဟိုပန် အစရှိသည့် ဒေသများတွင် ခိုလှုံရန် ရောက်ရှိနေကြသည်ဟု ဒေသတွင်းသတင်းများတွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here