Myanmar Women League 2024 ဒုတိယအကျော့ ပွဲစဉ်များ မနက်ဖြန် ဇူလိုင် (၁၇)ရက်တွင် စတင်မည်

0
198

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ်များကို မနက်ဖြန် ဇူလိုင် (၁၇) ရက်တွင် ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား (၃)ကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇)ရက်မှ ဇွန်(၁၁)ရက်အထိ ပွဲစဉ် (၇) ပွဲအား ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဒုတိယအကျော့အား ဇူလိုင် (၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အထိ ပွဲစဉ်(၇)ပွဲအားလည်းကောင်း၊ တတိယအကျော့အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၅)ရက်အထိ ပွဲစဉ် (၇)ပွဲအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပထမအကျော့အပြီးတွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရမှတ် (၁၅) မှတ်ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေသော ISPE အမျိုးသမီးအသင်းထက် တစ်မှတ်အသာရကာ ပထမအကျော့ချန်ပီယံဖြစ်ခဲ့သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီ အမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း၊ သစ္စာအားမာန် အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသ င်း စသည့် အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် Myanmar Women League 2023 လောလုံးရာသီတွင် မြဝတီအမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဆုကိုဆွတ်ခူးထားသည်။

ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်သင်း ထပ်တိုးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here