မာရဝိဇယရ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် နေပြည်တော်တက္ကသိုလ်များသို့ လွယ်ကူစွာသွားလာနိုင်ရန် ယာဉ်လိုင်းများပြေးဆွဲပေးနေ

0
133

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် ပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် နေပြည်တော်အတွင်းရှိ တက္ကသိုလ်များသို့ သွားလာရေးလွယ်ကူစေရန် ယာဉ်လိုင်းများ ပြေးဆွဲပေးနေကြောင်း သိရသည်။

လက်ရှိတွင် တော်ဝင်မော်တော်ယာဉ်လိုင်း(၄) လိုင်းဖြင့် ပြေးဆွဲပေးလျက်ရှိနေကာ လမ်းကြောင်းများအဖြစ် ဇမ္ဗူသီရိလမ်းကြောင်း၊ လယ်ဝေးလမ်းကြောင်း၊ ပုဗ္ဗသီရိ ရန်ကုန် – မန္တလေး လမ်းဟောင်း လမ်းကြောင်း၊ ပုဗ္ဗသီရိလမ်းကြောင်းများအဖြစ် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ဇမ္ဗူသီရိလမ်းကြောင်းတွင်မူ ဘောဂသီရိ- နှင်းဆီးပန်းအဝိုင်း- ရွှေညောင်ပင်-နေပြည်တော်ကောင်စီ- စည်ပင်ဧည့်ရိပ်သာ- သပြေကုန်း- ပရဆေးဥယျာဉ်- ဓါတုဇယဘုရား- နည်းပညာတက္ကသိုလ်- မာရဝိဇယဘုရား- ဘိုးဘွားရိပ်သာ- ဉာဏသိဒ္ဓိရပ်ကွက်-Naypyitaw State Academy ကျောင်း- ဝဏ္ဏသိဒ္ဓိရပ်ကွက်- သုခတော်ဝင်- မြို့မဈေးတို့ဖြစ်ပြီး ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

လယ်ဝေးလမ်းကြောင်းတွင်မူ လယ်ဝေးမြို့မဈေး – လယ်ဝေး အားကစားကွင်း – ရွှေအင်ကြင်းရပ်ကွက် – ဒက္ခိဏသီရိဈေး – ကံ့ကော်ပန်းအဝိုင်း – Excel Capital – တုံဂပူရိလမ်းဆုံ- Junction Center – အဆင့်မြင့်ဈေး – နည်းပညာတက္ကသိုလ် – မာရဝိဇယဘုရား – ဘိုးဘွားရိပ်သာ – ဉာဏသိဒ္ဓိ ရပ်ကွက် – Naypyitaw State Academy ကျောင်း တို့ကို ရောက်ရှိမည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၁၅၀၀ ကျပ် ဖြစ်သည်။

ထိုနည်းတူ ပုဗ္ဗသီရိ ရန်ကုန် – မန္တလေး လမ်းဟောင်း လမ်းကြောင်းတွင်မူ သိုက်ချောင်းလမ်းဆုံ – တိရိစ္ဆာန်ဥယျာဉ် –
ရေဆင်းကျေးရွာ – ပင်လောင်းလမ်းဆုံ – လျှပ်စစ်လမ်းခွဲ – ကျောက်ချက် – နှင်းဆီပန်းအဝိုင်း – ရွှေညောင်ပင် – နေပြ ည်တော်ကောင်စီ – ဇမ္ဗူသီရိဆေးရုံ – စည်ပင်ဧည့်ရိပ်သာ – သပြေကုန်း – ပရဆေးဥယျာဉ် – မြို့မဈေး – သုခတော်ဝင် – ဝဏ္ဏသိဒ္ဓိရပ်ကွက် – Naypyitaw State Academy ကျောင်း – ဉာဏသိဒ္ဓိရပ်ကွက် – မာရဝိဇယဘုရား – နည်းပညာတက္ကသိုလ်တို့ကို ရောက်ရှိမည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ပုဗ္ဗသီရိလမ်းကြောင်းတွင် သိုက်ချောင်း လမ်းဆုံ – ကုတင်(၃၀၀)ဆေးရုံ – ကျည်တောင်ကန်လမ်းဆုံ – နေပြည်တော်ဘူတာကြီး – Polytechnic University –
အင်ကြင်းပန်းအဝိုင်း – မန္တလေးလမ်း – ကုမုဒြာကြာပန်းအဝိုင်း – စည်ပင်အိမ်ရာ – သပြေကုန်း – ပရဆေးဥယျာဉ် – မြို့မဈေး – သုခတော်ဝင် – ဝဏ္ဏသိဒ္ဓိရပ်ကွက် – Naypyi taw State Academy ကျောင်း- ဉာဏသိဒ္ဓိရပ်ကွက် – မာရဝိဇယဘုရား – နည်းပညာတက္ကသိုလ်တို့ကို ရောက်ရှိမည်ဖြစ်ကာ ယာဉ်စီးခအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၂၀၀၀ ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here