ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင် တာကျိုးပေါက်မှုမှ ပျောက်ဆုံးနေသူ (၇)ဦး၏ ရုပ်အလေ-ာင်းများ အားလုံးပြန်တွေ့

0
227

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ တာဘောင်ပြို-ကျပြီး ပျောက်ဆုံးနေသူ (၇) ဦး၏ ရုပ်အလေ-ာင်းများအား ဇူလိုင် (၁၆)ရက် ညနေ (၆) နာရီခွဲဝန်းကျင် အချိန်တွင် အားလုံးပြန်လည်တွေ့ရှိခဲ့ပြီးဖြစ်သည့်အတွက် ရှာဖွေရေးလုပ်ငန်းများပြီးစီးပြီဖြစ်ကြောင်း မန္တလေးမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် (၁၄)ရက်၊ နံနက် (၈)နာရီ (၁၅)မိနစ်အချိန်ခန့်က အမရပူရမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာရှိ ကာရံထားသော တုတ်မှ မြစ်ရေများ ဝင်ရောက်လာပြီး တာကျိုးပေါက်ကာ အမျိုးသား (၇)ဦး ရေန-စ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပျောက်ဆုံးသူများကို (၃)ရက်ဆက်တိုက် ရှာဖွေရာ ယမန်နေ့ ဇူလိုင် (၁၆)ရက် နံနက် (၁၀)နာရီတွင် ဦးမြင့်အောင် အသက် (၅၆) နှစ်၊ နေ့လယ် (၁)နာရီတွင် ခန့်သူအောင် (ခ) တတ်တူး အသက် (၂၉)နှစ်)၊ ညနေ (၄)နာရီ (၄၀)မိနစ်အချိန်တွင် အောင်မျိုးကျော်၊ ညနေ (၄)နာရီ (၄၆)မိနစ်အချိန်တွင် ငနေ(ခ)နေလင်းထွန်း၊ ညနေ(၄)နာရီ (၅၅)မိနစ်အချိန်တွင် တရုတ်ကြီး(ခ)နေထက်အောင်နှင့် ညနေ (၅)နာရီ (၁၀)မိနစ်အချိန်တွင် ကျော်ဇင်လင်းတို့၏ ရုပ်အ-လောင်းများအား ရေဆိုးထုတ်မြောင်းအပြင်သို့ သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ (၇)ဦးအနက်မှ နောက်ဆုံးကျန်သည့် တစ်ဦးဖြစ်သူ ငယ်ငယ်(ခ)မြတ်သန်းကျော်၏ ရုပ်အလေ-ာင်းအား ထပ်မံရှာဖွေနိုင်ရေး သံငြမ်းများ ပိတ်ဆို့နေသည့်အတွက် မြောင်းဖုံးအပေါက်ထပ်မံဖောက်၍ ရှာထုတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ငယ်ငယ် (ခ) မြသန်းကျော် ရုပ်အလောင်းအား ညနေ (၆)နာရီ (၁၈)မိနစ်အချိန်တွင် ရှာတွေ့ခဲ့ပြီး ညနေ (၆)နာရီ (၂၅)မိနစ်အချိန်တွင် ရေဆိုးထုတ်မြောင်းအပြင်သို့ ထုတ်နိုင်ခဲ့ပြီး ရှာဖွေရေးလုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here