ဘင်္ဂလားဒေ့ရှ် အလုပ်ခွဲတမ်းစနစ် ဆန့်ကျင်ဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်မှုများအတွင်း လူ ငါးဦး ‌ေ-သဆုံးကာ ၄၀၀ ကျော် ဒဏ်ရာရ

0
357
Anti-quota protesters and students backing the ruling Awami League party clash on Dhaka University campus in Dhaka on July 15, 2024. - Rival students in Bangladesh clashed on Monday leaving at least 100 people injured, as demonstrators opposing quotas for coveted government jobs battled counter-protesters loyal to the ruling party, police said. (Photo by Rehman Asad / AFP)

အများမက်မောတဲ့ အစိုးရဝန်ထမ်းအလုပ်အကိုင်အတွက် ခွဲတမ်းချထားမှုစနစ်အပေါ် မကျေနပ်တဲ့ ဆန္ဒပြကျောင်းသားတွေကို အစိုးရထောက်ခံလူငယ်တွေနဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် လူ ငါးဦးထက်မနည်း ‌ေ-သဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

အဓိက အဝေးပြေးလမ်းမကြီးတွေနဲ့ မီးရထားလမ်းတွေကို ပိတ်ဆို့ခဲ့တဲ့ တနင်္လာနေ့က စုဝေးဆန္ဒပြမှုတွေမှာ လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲဒုတိယမြောက်နေ့မှာ ကျောင်းသားတွေ သောင်းချီပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒါဟာ ဇန်နဝါရီ ရွေးကောက်ပွဲမှာ လေးကြိမ်ဆက်သက်တမ်းအတွက် အနိုင်ရခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာအပေါ် ကျောင်းသားတွေရဲ့ ပထမဆုံးအကြိမ် ထင်ရှားတဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။

လူငယ်တွေ အလုပ်လက်မဲ့ဖြစ်မှုမြင့်တက်လာမှုနဲ့အတူ အစိုးရဝန်ထမ်းအလုပ်နေရာ ၃၀ ရာခိုင်နှုန်းစာအတွက် ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ မိသားစုဝင်တွေအတွက် သီးသန့်ထားပေးတဲ့စနစ်ကို ကျောင်းသားတွေက ဆန့်ကျင်ခဲ့ကြပါတယ်။

ဆူပူအုံကြွမှုများကို နှိမ်နင်းနိုင်ရေး ကြိုးပမ်းမှုအဖြစ် အင်္ဂါနေ့မှာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်ကျောင်းဝန်းတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ပိတ်ဆို့ထားခဲ့ပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း ရန်ပူရ်မြို့မှာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့အတွက် မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ အသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ “ကျွန်တော်တို့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့ ရမ်းကားကျောင်းသားတွေကို ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစု ခွဲခဲ့ပါတယ်” လို့ ရန်ပူရ်မြို့ ရဲမင်းကြီး မိုဟာမက် မိုနီရူဇမန်က ပြောဆိုပါတယ်။ ကျောင်းသားတစ်ဦး ဆေးရုံအရောက်မှာ ‌ေ-သဆုံးသွားတယ်လို့ သူ ကြားသိရကြောင်းနဲ့ ဘယ်လိုကြောင့် ‌ေ-သဆုံးရတယ်ဆိုတာကို လတ်တလောမှာ မသိရသေးကြောင်းလည်း သူက ပြောဆိုသွားပါတယ်။

ဆိပ်ကမ်းမြို့ စစ်တကောင်းမှာလည်း နောက်ထပ် လူသုံးဦး ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။ သုံးဦးစလုံးဟာ ‌ေ-သနတ်ဒဏ်ရာတွေ ရထားကြတာဖြစ်တယ်လို့ စစ်တကောင်း ဆေးပညာကောလိပ်ဆေးရုံမှ ညွှန်ကြားရေးမှူး မိုဟာမက် တာဆလင်း အူဒင်က AFP ကို ပြောဆိုခဲ့ပါတယ်။ ဒဏ်ရာရသူ ၃၅ ဦးရှိခဲ့တယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။

ဒါ့အပြင် ဒါကာကောလိပ်အပြင်ဘက်မှာလည်း ကျောင်းသားတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ၆၀ ခန့်ဒဏ်ရာရခဲ့တယ်လို့ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘာချူး မီရာက AFP ကို ပြောဆိုခဲ့ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here