ဇွန်လအတွင်းပြည်ပသို့ ဆန်တန်ချိန် ၁၆၀၀၀၀ ကျော်တင်ပို့ခဲ့

0
445

ပြီးခဲ့သည့် ဇွန်လအတွင်းပြည်ပသို့ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၆၀၀၀၀ ကျော်တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ဧပြီလတွင် တန်ချိန် ၁၁၁,၈၆၂ တန်တင်ပို့မှုမှ ဒေါ်လာ ၅၅ သန်း၊ မေလတွင် တန်ချိန် ၇၁,၂၇၉ ဒသမ ၅ တန်တင်ပို့မှုမှ ဒေါ်လာ ၃၆ သန်းနှင့် ဇွန်လတွင် တန်ချိန် ၁၆ ၂,၃၂၅ ဒသမ ၇၅ တန်တင်ပို့မှု ဒေါ်လာ ၈၄ သန်း ရရှိထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် သုံးလအတွင်း စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု ဒေါ်လာ ၃၄၅,၄၆၇ ဒသမ ၃ တန်တင်ပို့မှုမှ ‌ဒေါ်လာ ၁၇၅ သန်း ရရှိထားပြီး ဇွန်လတွင် တင်ပို့မှုအများဆုံးဖြစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်တင်ပို့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်အထိပို့ကုန်ဝင်ငွေရရှိရန်မျှော်မှန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ မီနီဘတ်ဂျက်ကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တစ်လလျှင် တန်ချိန်သောင်းဂဏန်းမျှသာတင်ပို့နိုင်ခဲ့ပြီး ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် တန်ချိန် ၁ ဒသမ ၆ သန်းကျော်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်တိုးမြှင့်တင်ပို့သွားရန် ရည်မှန်းဆောင်ရွက်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here