မိုင်းထောင်ဖောက်ခွဲခံရသည့် ကလိကျွန်းတဲတား(ခ)ကရင်လေးဆိပ်တံတား ပြင်ဆင်ပြီး၍ နေ့တွင်းချင်း ဖြတ်သန်းခွင့်ပြု

0
126

ရန်ကုန် – မော်လမြိုင်အဝေးပြေးလမ်း ကမွန်းချုံကျေးရွာနှင့် ဇရပ်ကျွန်းကျေးရွာအကြားရှိ ကလိကျွန်းတဲတား(ခ)ကရင်လေးဆိပ်တံတားအား နေ့တွင်းချင်းပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ယာဉ်များအားလုံးဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

” တံတားက (၁၁)နာရီလောက်မှာ ယာဉ်တွေအားလုံးပေးဖြတ်ပါပြီ။ ဒီမနက်မှာဘဲ အားချင်းမြေဖို့ပြီး ဖြတ်သန်းခွင့်ပြုလိုက်တာပါ”ဟု ၎င်းက ပြောသည်။

ယနေ့ ဇူလိုင်(၁၇)ရက် နံနက်အစောပိုင်း (၂)နာရီဝန်းကျင်အချိန်တွင် အဆိုပါ တံတားအား မိုင်းထောင်ဖောက်ခွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ နံနက်ပိုင်းတွင် ယာဉ်စီးရေ (၃၀၀)နီးပါးခန့် လမ်းပေါ်တွင် ခတ္တရပ်တန့်ထားရပြီးနောက် လမ်းပြင်ဆင်ပြီးသဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ယခု ကလိကျွန်းတဲတား(ခ)ကရင်လေးဆိပ်တံတားအပ့အဝင် တံတား‌(၄)စင်း မိုင်ထောင်ဖျက်ဆီးခံရပြီး၊ ကျုံအိတ်တံတားအား (၂)ကြိမ်၊ မစောအား (၁)ကြိမ်၊ မိုးကောင်းတံတားအား (၂)ကြိမ်နှင့် ယခု ကလိကျွန်း တံတား(ခ)ကရင်လေးဆိပ်တံတားအား(၁)ကြိမ် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ- BoBowin


LEAVE A REPLY

Please enter your comment!
Please enter your name here