မြွေကောင်ရေ လျော့နည်းလာခြင်းကြောင့် ကာကွယ်ပေးရန် လိုအပ်

0
310

မြွေများသည် နေရင်းဒေသများ ဆုံးရှုံးလာခြင်း၊ ရာသီဥတုများပြောင်းလဲဖောက်ပြန်လာခြင်းနှင့် လူတို့၏ မဆင်မခြင် သ – တ်ခြင်းတို့ကြောင့် မြွေကောင်ရေလျော့နည်းလာသည့် အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ဂေဟစနစ်တွင် လွန်စွာအရေးပါသော မြွေများကို ကာကွယ်ပေးနိုင်ရန်လိုအပ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မှ အသိပေးထားသည်။

နှစ်စဉ် ဇူလိုင်လ (၁၆) ရက်ကို ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ (World Snake Day) အဖြစ် သတ်မှတ်ပြီး မြွေများနှင့်ပတ်သက်၍ လူထုအတွင်း ထိန်းသိမ်းစောင့်ရှောက်ရေးအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာပေးလှုပ်ရှားမှုများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

တွားသွားသတ္တဝါ မြွေမျိုးစိတ်များသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ဒိုင်နိုဆော်များနှင့် အတူရှင်သန်ခဲ့ပြီး ဒိုင်နိုဆော်များ မျိုးသုဉ်းပျောက်ကွယ်သွားသော်လည်း ယနေ့ အထိတိုင် မြွေများသည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား ရှင်ကျန်ရှိနေကြောင်း သိရသည်။

မြွေမျိုးစိတ်ပေါင်း ၃၄၀၀ ကျော်ရှိသည့်အနက်မှ အဆိပ်ရှိသော မြွေမျိုးစိတ် (၃၀၀) ကျော်ရှိပြီး ယင်းတို့အထဲမှ မျိုးစိတ်ထက်ဝက်ခန့်သာ ပြင်းထန်သောအဆိပ်ရှိပြီး အကိုက်ခံရပါက လူကို‌ေ-သစေနိုင်‌ကြောင်း သိရသည်။

လူအများစုအနေဖြင့် မြွေများကို ကြောက်ရွံတက်ကြသော်လည်း တိရစ္ဆာန်ဥယျာဉ်များတွင်မူ မြွေများထိန်းသိမ်းထားရှိသောနေရာများသည် လူအများ စိတ်ဝင်စားဆုံး နေရာဖြစ်ကြောင်း မြွေများသည် သဘာဝပိုးမွှားထိန်းချုပ်မှုတာဝန်များကို ပရဟိတ လုပ်ဆောင်ပေးနေသော မျိုးစိတ်များ ဖြစ်ကြကာ မြွေများသည် နို့တိုက်သတ္တဝါငယ်များ၊ ငှက်များ နှင့် ကုန်းနေရေနေ သတ္တဝါငယ်များ ဖမ်းစားသောက်ခြင်းကြောင့် ဂေဟစနစ်အတွင်း သားကောင်များ၏ ကောင်ရေ တိုးပွားမှုကို ထိန်းချုပ်ကာ သဘာဝဂေဟဗေဒချိန်ခွန်လျှာညီမျှစေရန် ထိန်းညှိပေးနေခြင်းဖြစ်သည်။

နှစ်စဉ် ဇူလိုင်လ (၁၆) ရက်တွင် ကျရောက်သော ကမ္ဘာမြွေ ထိန်းသိမ်းရေးနေ့၌ ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြွေချစ်သူများ အနေဖြင့်လည်း မြွေများအား စနစ်တကျ မွေးမြူစောင့်ရှောက်ထားသော တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်ရန်လည် ဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here