အာဖဂန်၌ ရေကြီး၍ လူ၄၀ ‌ေ-သ၊ ယာဉ်မတော်တဆမှုကြောင့် ၁၇ ဦး‌ေ-သ

0
300

အစ္စလာမာဘတ်၊ဇူလိုင် ၁၆

အာဖဂန်နိုင်ငံအရှေ့ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံသဖြင့် လူအယောက် ၄၀ ထက်မနည်း‌ေ-သဆုံးကာ ၃၅၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယင်းနေ့တစ်ရက်တည်း၌ပင်အဝေးပြေးလမ်းမကြီး၌ ဘတ်စ်ကားမတော်တဆမှုကြောင့် ၁၇ ဦးထပ်မံ‌ေ-သဆုံးခဲ့ကြောင်းလည်းတာလီဘန်အရာရှိများကပြောကြားခဲ့သည်။

အာဖဂန်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူကမူ လူအယောက်‌ ၄၀ ‌ေ-သဆုံးကာ ၃၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများကို ဆေးကုသမှုပေးနေကြောင်းဆိုခဲ့သည်။

မိုးကြီးလေပြင်းသဖြင့် ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့ကာ အိမ်ခြေ ၄၀၀ နှင့် လျှပ်စစ်ဓါတ်တိုင်များပျက်စီးခဲ့သည့်အတွက် နိုင်ငံ၏အချို့နေရာများတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများရှိကြောင်းဒေသခံတစ်ဦးကဆိုသည်။

နိုင်ငံအရှေ့ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် လူအ‌ေ-သအပျောက်ရှိခဲ့သကဲ့သို့ မြောက်ပိုင်းတွင်လည်း ခရီးသည်တင်ယာဉ်မတော်တဆမှုကြောင့် ၁၇ ဦးသေဆုံးကာ ၃၄ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်းလည်းသိရသည်။

ယာဉ်မတော်တဆဖြစ်ရသည့်အကြောင်းအရင်းကိုမသိရသေးသော်လည်း လမ်းပန်းဆက်သွယ်ရေးဆိုးရွားခြင်းနှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့်သာ ယာဉ်မတော်တဆမှုများအများဆုံးဖြစ်ရခြင်းဖြစ်သည်။

အာဖဂန်၌ ပြီးခဲ့သည့်မေလကလည်း မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံသဖြင့် လူအယောက် ၃၀၀ ‌ေ-သဆုံးခဲ့ကာ အိမ်ခြေထောင်နှင့်ချီ၍ ပျက်စီးခဲ့သေးသည်။

Source : အေပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here