ယူကရိန်းနှင့်ချက် ပူးပေါင်း၍ ယူကရိန်း၌ခဲယမ်းမီး ကျောက်စက်ရုံတည်မည်

0
407
Ukrainian Prime Minister Denys Shmyhal (L) and Czech Prime Minister Petr Fiala deliver a joint press conference following a meeting of the Czech and Ukrainian governments in Prague, Czech Republic on July 16, 2024. (Photo by MILAN KAMMERMAYER / AFP)

ပရာဟ (ပရတ်ဂ်)၊ဇူလိုင် ၁၆

ယူကရိန်းနိုင်ငံပိုင် Ukroboronservice နှင့် ချက်နိုင်ငံမှခဲယမ်းမီးကျောက်ထုတ်လုပ်သည့် Sellier & Bellot တို့သည် ယူကရိန်း၌ ခဲယမ်းမီးကျောက်စက်ရုံ တစ်ရုံကို တည်ဆောက်ရန် စီမံကိန်း ရှိကြောင်း ပရာဟ ၌ပြုလုပ်သည့် ပူးတွဲအစိုးရအစည်းအဝေးအပြီးတွင် ယူကရိန်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ချက်သမ္မတနိုင်ငံသည် ရုရှားကိုတွန်းလှန်ရန် ကိဗ်ကို အဓိကထောက်ပံ့ပေးနေသည့်နိုင်ငံဖြစ်ကာ ကိဗ်အတွက် ကမ္ဘာတစ်ဝန်းမှ ကျည်ဆံများကို ထောင် သောင်းချီ၍ စုဆောင်းပေးသည့်အစီအစဉ်တစ်ခုကို ဦးဆောင်ခဲ့သည့်နိုင်ငံဖြစ်သည်။

“ကာကွယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး တခြားသဘောတူညီချက်တွေလည်းလုပ်ခဲ့တဲ့အနက် အဓိက က‌တော့ ယူကရိန်းမှာ ခဲယမ်းစက်ရုံအသစ်တစ်ခု တည်ဆောက်ဖို့အတွက် Sellier & Bellot နဲ့ Ukroboronservice တို့ နှစ်ဘက် လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်ဖြစ်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here