အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်အား အိန္ဒိယနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးမှ ဆောင်ရွက်မည်

0
87

အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်အား အိန္ဒိယနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Josel Francisco Ignacio မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

(၁၂၄) ကြိမ်မြောက် အာဆီယံ-နယူးဒေလီ ကော်မတီ အစည်းအဝေးကို ဇူလိုင် (၁၆)ရက်၊ နံနက် (၁၁) နာရီတွင် နယူးဒေလီမြို့ရှိ အင်ဒိုနီးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ အလှည့်ကျ ဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Ms. Ina H. Krisnamurthi က ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ဆောင်ရွက်မည့် ANDC ကော်မတီ၏ လှုပ်ရှားမှုများ၊ အစည်းအဝေးများ၊ ခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံသံအမတ်ကြီးများမှ အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွ က်မှု တိုးမြှင့်နိုင်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆ က်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Josel Francisco Ignacio ထံသို့ စင်ကာပူသံအမတ်ကြီး H.E. Mr. Simon Wong Wie Kuen မှ လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here