လျှို့ဝှက်ဆန်းကြယ် ၆လေ-ာင်းပြိုင်‌ေ-သဆုံးမှုနှင့်ပတ်သက်၍ အင်္ဂါနေ့ညနှောင်းပိုင်းတွင် ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး၏ အတွင်းရေးမှူးနှင့် ‌ေ-သဆုံးသူတစ်ဦး၏ ညီမ သူငယ်ချင်းတစ်ဦးအပါအဝင်လူငါးဦးအား စစ်ဆေးမေးမြန်းခဲ့သည်။ ထုပ်ပိုးထားသည့် ခရီးဆောင်အိတ် ရှစ်လုံးကိုလည်း စစ်ဆေးခဲ့ကြသည်။

0
323

အင်္ဂါနေ့ည၌ထိုင်းပြည်ထဲရေးဝန်ကြီး Anutin Charnveerakul က ပြည်သူများအား ကောက်ချက်ချမစောရန် တိုက်တွန်းခဲ့ပြီးအမှုနှင့်ပတ်သက်၍ရဲက လုပ်စရာရှိသည်များလုပ်နေကြောင်းပြောခဲ့သည်။

ဆုံးပါးသွားသူများထဲ အမေရိကန်နိုင်ငံသားခံယူထားသူနှစ်ဦး ‌ေ-သဆုံးမှုအား FBI မှ အဖွဲ့တစ်ဖွဲ့စေလွှတ်ထားကြောင်း ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ၀န်ကြီးချုပ် ဆရတ်သာ က ပြောကြားခဲ့သည်။ ဆရတ်သာ က ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Pham Viet Hung နှင့် ယမန်နေ့ညက Grand Hyatt Erawan Hotel တွင် တွေ့ဆုံခဲ့ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည့်ကြောင်း ဆရတ်သာ က ပြောကြားခဲ့သည်။

‌ေ-သဆုံးသူတစ်ဦး၏သမီးတစ်ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ကြီးမားသော အကြွေးပြဿနာများနှင့် ဆက်နွှယ်နေကြောင်း သိရသည်။ရဲတပ်ဖွဲ့က စစ်ဆေးရန် စီစဉ်ထားသော သတ္တမမြောက်လူကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါလူသည် ဇူလိုင် ၁၀ ရက် အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ပြန်ရောက်နေခဲ့ပြီး ‌ေ-သဆုံးမှုနှင့် ပတ်သက်ခြင်းမရှိဟု ယူဆရသည်ဟုရဲသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

သော့ခတ်ထားသော အခန်းအတွင်းသို့ မည်သူမှ ဝင်ရောက်ခြင်း (သို့) ထွက်သွားခြင်း မရှိကြောင်း၊ သောက်မိသည့်အရည်များတွင် ပြင်းထန်သော အဆိပ်များပါ၀င်ကြောင်း အတည်ပြုခဲ့သည်။

US နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ
မစ္စ Sherine Chong သည် အခြားဗီယက်နမ် ၅ ဦးကို အဆိပ်ခတ်ခဲ့ပြီး နောက်သူမလည်း အဆိပ်သောက်ခါ သ–တ်‌ေ-သခဲ့သည်ဟုယူဆချက်ထွက်ထားသည်။

ထိုအခန်း သို့ ဝင်ရောက်လုပ်ကိုင်ပေးသည့် ဟော်တယ်ဝန်ထမ်းက လဖက်ရည်ဖျော်ဖို့ကူညီပေးဖို့လုပ်ခြင်းကို မစ္စ Chong က အတင်းငြင်းခဲ့ပြီးသူပဲဖျော်လိုက်မယ်ဟုပြောကြောင်း ဝန်ထမ်းက ထွက်ဆိုထားသည်။

ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ရုံမှာ ရင်းနှီးမြှုပ်နှံဖို့ ပေးခဲ့တဲ့ ဘတ်ငွေ ၁၀ သန်း ကိစ္စနှင့်ပြသနာဖြစ်နေခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ဦး က ဂျပန် ဗီဇာမရခဲ့တာကြောင့် ဘန်ကောက်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက အသ-တ်ခံရမှုတွင် အသုံးပြုခဲ့သည့် ဆိုင်ယာနိုက် သဲလွန်စများ ပါရှိသည့် လက်ဖက်ရည်ခွက်များကို ပြသခဲ့သည်။ မှုခင်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူး ရဲမှူးချုပ် ထရိုင်ရွန်ဖီးဖန်က ဆိုင်ယာနိုက်သည် အနံ့၊ အရသာကင်းကာ ၅ မိနစ်အတွင်း အကျိုးသက်ရောက်သည်ဟု ဆိုသည်။

Ref: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here