Automatic Licensing စနစ်ဖြင့်ခွင့်ပြုထားသည့်ကုန်စည်လိုင်းများကို Non- Automatic Licensing စနစ်ဖြင့်ခွင့်ပြုမည်

0
145

ကုန်သွယ်မှုလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်စေရေးအတွက် ပြည်ပမှတင်းသွင်းမည့်ကုန်စည်များအား Myanmar Tradnet 2.0 တွင် Automatic Licensing စနစ်နှင့် Non- Automatic Licensing စနစ်တို့ဖြင့်ခွင့်ပြုလျက်ရှိရာ သွင်းကုန်အတွက် Automatic Licensing စနစ်ဖြင့်ခွင့်ပြုမည့် ကုန်စည်လိုင်းများနှင့်ပတ်သက်၍ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၉/၂၀၂၃) ဖြင့်အသိပေးကြေညာထားပြီးဖြစ်သည်။

ယခုအခါ Non- Automatic Licensing စနစ်ဖြင့်လျှောက်ထားရန် အကျုံးဝင်သော ကုန်စည်လိုင်းအချို့အား Automatic Licensing စနစ်ဖြင့် ရောနှောလျှောက်ထားခြင်း ၊ တင်သွင်းခြင်းများမဖြစ်ပေါ်စေရေးအတွက် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၉/၂၀၂၃)အရ Automatic Licensing စနစ်ဖြင့်ခွင့်ပြုထားသည့် ပူးတွဲပါ HS 10 digit ဖြင့် ကုန်စည်လိုင်း (၁၄၆၀) ကိုသွင်းကုန်လိုင်စင်ဦးစွာလျှောက်ထားပြီးမှ စိစစ်ခွင့်ပြုသည့်စနစ် Non- Automatic Licensing စနစ်ဖြင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပူးတွဲပါ ကုန်စည်လိုင်း (၁၄၆၀)လိုင်းတွင် အကျုံးဝင်သည့် ကုန်စည်များတင်သွင်းမှုအတွက် Non- Automatic Licensing စနစ်ဖြင့်ခွင့်ပြုထားသည့် သွင်းကုန်လိုင်စင်များအားတင်သွင်းခွင့်ပြုခြင်းကို ဩဂုတ် (၁) ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

“အရင်တုန်းက အားလုံးလိုင်စင်လိုပါတယ်၊ နောက်တော့ ကုန်စည်စီးဆင်းမှုမှန်ကန် မြန်ဆန်စေရေးအတွက် non licenses လုပ်ပါတယ်။ ၊ ဒါပေမဲ့ non Linceses ဆိုရင် စီးကူးမှာ Data record မရှိလို့ လိုင်စင်အားလုံးပြန်လျောက်ခိုင်းတယ် လို့ထင်ပါတယ်။ အရင်က Non Lincenses ဖြစ်ဖြစ် Linceses ဖြစ်ဖြစ် သွင်းကုန်လိုင်စင်က လျောက်လွှာ တင်လိုက်ရင် စီးကူးက နေ့ချင်းပြီး၊ဒါမှမဟုတ် နောက်၁ရက် ခွင့်ပြုချက် ရတယ် ဆိုတော့ ကုန်သည်တွေအတွက် ဘာမှထိခိုက်မှုမရှိလို့ ကြိုဆိုပါတယ်။ ကုန်သည်များကတော့ မိမိတို့ Import Licenses အမြန်ဆုံး ရဖို့ အတွက် ဆိုရင် အစိုးရရဲ့ ပြဌာန်းချက်များကို လိုက်နာဖို့ အဆင်သင့်ပါ”ဟု ကုန်သည်တစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here