မြစ်ကြီးနားမြို့ ရတနာဆိုင် တစ်ဆိုင် ဓ-ားပြတိုက်ခံရ ဆိုင်ရှင်အမျိုးသား ပြင်းထန်ဒဏ်ရာများရရှိ

0
126

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရတနာဆိုင်တစ်ဆိုင်အား ဇူလိုင် (၁၆) ရက်၊ နံနက် (၈)နာရီ အချိန်ခန့်တွင် လက်နက်များကိုင်ဆောင်ထားသည့် လူ‌တစ်စုက ဓ-ားပြဝင်တိုက်ခဲ့ရာ ဆိုင်ရှင်အမျိုးသား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓ-ားပြတိုက်ခံရသည့် ရတနာဆိုင်မှာ Moe & Nyein Jewellery ဆိုင်ဖြစ်ပြီး မြစ်ကြီးနားမြို့၊ ကမ္ဘောဇဘဏ် (၁) ၏ လမ်းတစ်ဘက်တွင်ရှိသည့် ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နှာခေါင်းစည်းများတပ်ထားသည့် အမျိုးသားတစ်စုမှာ ဆိုင်အတွင်းသို့ ဓ-ားများနှင့် ‌ေ-သနတ်တစ်လက်ကိုင်ဆောင်ဝင်ရောက်လာပြီး ခြိမ်းခြောက်ကာ ဆိုင်အတွင်းရှိနေသော အရောင်းဝန်ထမ်း အမျိုးသမီး(၂)ဦးအား ရေချိုးခန်းအတွင်းထည့်၍ ပိ-တ်လှေ-ာင်ထားကာ ဆိုင်ရှင်အမျိုးသားအား ရို–က်နှက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အား တစ်စိတ်တဒေသသိရှိသည့် မြို့ခံတစ်ဦးက ပြောသည်။

“ဘေးမျာလည်း ဆိုင်တွေရှိတယ်။ လမ်းဟိုဘက်ခြမ်းမျက်စောင်းထိုးမှာလည်း ဘဏ်ရှိတယ်။ ဘာဘဲဖြစ်ဖြစ်အတင့်ရဲတယ်လို့ပြောရမယ်။ ပစ္စည်းတွေတော့ ပါမသွားဘူးလို့ပြောသံကြားတယ်”ဟု ၎င်းက ရှင်းပြသည်။

ယင်းဖြစ်စဉ်အတွင်း ဆိုင်ရှင်အမျိုးသားမှာ ခန္ဓာကိုယ်အနှံ ပြ–တ်ရှဒဏ်ရာများအပါ အဝင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၃)ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်ကိုလည်း ဓ-ားပြတိုက်မှုဖြစ် ပွားခဲ့သးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here