AFC U 20 နှင့် U17 အာရှခြေစစ်ပွဲများအား ကာဂျစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က အိမ်ရှင် အဖြစ်လက်ခံကျင်းပမည်

0
126

AFC U 20 နှင့် U17 အာရှခြေစစ်ပွဲစဉ်များအား ကာဂျစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း အိမ်ရှင်နိုင်ငံများအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)ထံက သိရသည်။

U 20 အာရှခြေစစ်ပွဲစဉ်များကို ကာဂျစ်သမ္မတနိုင်ငံ၌ စက်တင်ဘာ (၂၅) ရက်တွင် KYRGYZ REPUBLIC အသင်းဖြစ် လည်းကောင်း၊ စက်တင်ဘာ (၂၇) ရက်တွင် ဂျပန်အသင်းဖြစ်လည်းကောင်း၊ စက်တင်ဘာ (၂၉)ရက်တွင် TYRKMENI STAN အသင်းဖြစ်လည်းကောင်း အသီးသီးယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ထို့အတူ မြန်မာ့လက်ရွေးစင် U-17 အသင်းအနေဖြင့်လည်းဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ(၂၃)ရက်တွင် ယီမင်အသင်းဖြင့်လည်းကောင်း၊ အောက်တိုဘာ (၂၅)ရက်တွင် ဗီယက်နမ်အသင်းဖြင့်လည်းကောင်း ၊ အောက်တိုဘာ(၂၇)ရက်တွင် KYRGYZ REPUBLIC အသင်းဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်များအားလုံး တစ်ရက်ခြား တစ်ကြိမ် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ မြန်မာ U-20 နှင့် U-17 အသင်းတို့မှာ Group(I)တွင် ကျရောက်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင် U-20 အသင်းနှင့် U-17 အသင်းတို့မှာ ပြည်တွင်း လိဂ်ပွဲစဉ်များ၌ လေ့ကျင့်ပြင်ဆင်၍ ယှဉ်ပြိုင်ကစားနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here