မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဒုတိယအကြိမ် အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ပေးမည် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်အသိပေး

0
161

စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးရန် စာရင်းပေးသွင်းထားကာကျန်ရှိနေသူများကို ဇူလိုင် (၂၁) ရက်တွင် ဒုတိယအကြိမ် အထူးအစီအစဉ်အနေဖြင့် သက်တမ်းတိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်းတိုးရန် စာရင်းပေးထားပြီး ကျန်ရှိနေသူ (၂၀၀) ခန့်ရှိနေ၍ အဆိုပါ အမည်စာရင်းတွင် ပါဝင်သူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများ ပြည့်စုံစွာယူဆောင်ကာ ဇူလိုင် (၂၁) ရက် နံနက် (၉) နာရီခွဲမှ စတင်၍ မြန်မာသံရုံးသို့ လာရောက်၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးနိုင်ကြောင်းလည်း မြန်မာသံရုံးက ကြေညာထားခြင်းဖြစ်သည်။

ဒုတိယအကြိမ် အထူးအစီအစဉ်ဖြင့် သက်တမ်းတိုးခွင့်ရသည့် နိုင်ငံကူးလက်မှတ်များကို ဇူလိုင် (၂၃) ရက်နှင့် (၂၄)ရက် မွန်းလွဲ (၁)နာရီမှ (၃) နာရီတွင် မြန်မာသံရုံး၌ ပြန်လည်ထုတ်ပေးသွားမည်ဟုလည်း သိရသည်။

ထို့ပြင် အထူးအစီအစဉ်တွင် ပါဝင်ခွင့်မရသည့်တိုင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဆောင်ရွက်လိုသူများသည် မြန်မာသံရုံး၏ WhatsApp နံပါတ် +၆၅ ၈၂၄၆၈၅၈၁ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်းနှင့် ပုံမှန်ရုံးဖွင့်ရက်များအတွင်း သက်တမ်းတိုးခွင့်ရရှိသူများ၏ အမည်စာရင်းကို အပတ်စဉ်သောကြာနေ့တွင် သံရုံးဝက်ဆိုဒ် htt p://www.myanmarembassy.sg ၌ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်းလည်း သိရသည်။

မြန်မာသံရုံးအနေဖြင့် မည်သည့် ပုဂ္ဂလိကဝန်ဆောင်မှု ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကိုမျှ ဝန်ဆောင်မှုဆောင်ရွက်ခွင့်ပေးထားခြင်းမရှိကြောင်း၊ မြန်မာသံရုံးအမည်ဖြင့် Facebook Messenger၊ Instagram စသည့် လူမှုကွန်ရက်များဖြင့် online appointment ဝန်ဆောင်ခရယူဆောင်ရွက်ပေးခြင်းမရှိပါကြောင်း၊ မြန်မာနိုင်ငံသားများထံမှ အခကြေးငွေရယူ၍ online appointment ဆောင်ရွက်နေသူများအား အထူးသတိပြုကြပါရန် အသိပေးနှိုးဆော်အပ်ပါကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here