ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များ ဈေးကောင်းရနေ

0
176

ပြည်တွင်း၌ ကြိတ်ခွဲသည့် ဆီများကို စားသုံးမှုပိုများလာခြင်းကြောင့် ဆီစက်များ၌ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များ ပိုထွက်လာပြီး အဆိုပါ ပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များအဝယ်လိုက်လာကာ ဈေးကောင်းလာကြောင်း သိရသည်။

ကုန်ကြမ်းဈေး အနိမ့်အမြင့်နှင့် တိရိစ္ဆာန်အစာဈေးကွက်ပေါ်မှုတည်ပြီး ဆီကြိတ်ဖတ်များ ဈေးအနိမ့်အမြင့်ရှိကာ မွေးမြူရေးအတွက် အစာတောင့်စက်ရုံများမှ အများဆုံးဝယ်ယူမှုရှိကြောင်း သိရသည်။

ပဲဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၄၀၅၀၊ ယခင်တစ်ပတ်တွင် ကျပ် ၄၀၀၀ မှ ၄၀၂၅ ကျပ်၊ ယခင်လ ကျပ် ၃၈၀၀ မှ ၃၈၅၀ ကျပ် ဖြစ်ပြီး ယခင်တစ်ပတ်ထက်ကျပ် ၂၅ မှ ၅၀ ကျပ်၊ ယခင်လထက်ကျပ် ၂၀၀ မှ ၂၅၀ ကျပ်မြင့်တက်လာ‌ကြောင်း သိရသည်။

ထို့ပြင် နှမ်းဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၃၁၀၀ မှ ၃၁၅၀ ကျပ်၊ ယခင် တစ်ပတ်တွင် ကျပ် ၃၀၅၀ မှ ၃၁၀၀ကျပ်၊ ယခင်လ ကျပ် ၃၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက်ကျပ် ၅၀ မှ ၁၀၀ကျပ်၊ ယခင်လထက်ကျပ် ၁၀၀ မှ ၁၅၀ကျပ် မြင့်တက်လာကြောင်း သိရသည်။

အလားတူ နေကြာဖတ် တစ်ပိဿာဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ကျပ် ၂၀၅၀မှ ၂၀၇၀ကျပ်၊ ယခင် တစ်ပတ် တွင် ကျပ် ၂၀၀၀ မှ ၂၀၇၀ကျပ် ၊ ယခင်လကျပ် ၁၉၅၀ မှ ၁၉၇၀ ကျပ်ဖြစ်ပြီး ယခင် တစ်ပတ်ထက် ကျပ် ၅၀၊ ယခင်လထက်ကျပ် ၁၀၀  မြင့်တက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here