ရူပီး-ကျပ် ငွေပေးချေမှုအတွက် မြန်မာဘဏ် (၈) ခုကို အိန္ဒိယ အတည်ပြု

0
1313

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့်ကျပ် ငွေပေးချေမှု ဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်ရှိ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဘဏ် (၁၁) ဘဏ်ကို အဆိုပြုခဲ့ရာ (၈) ဘဏ်ကို အိန္ဒိယအစိုးရဘက်မှ အတည်ပြုခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဘဏ်များသည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီးနှင့် ကျပ် ငွေပေးချေမှုကို ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံဘဏ်များအကြား Special Rupee Vostro Account (SRVA) ကို အသုံးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘဏ်များမှာ ယူအေဘီဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်နှင့် ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံဖြိုးတိုးတက်ရေးဘဏ်တို့ဖြစ်ပြီး အိန္ဒိယအစိုးရ၏ Reserve Bank of India မှ ထပ်မံ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိသည့် (၆) ဘဏ်ကို ဆောင်ရွက်ခွင့်ရသည့် (Designated Bank) ဘဏ်များအဖြစ် ခွင့်ပြုနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here