ဧရာဝတီမြစ်ရေတက်ရောက်မှုကြောင့် ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉) ကျောင်းအား ယာယီပိတ်ထားရ

0
244

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းမြေနိမ့်ပိုင်းရှိ မြစ်ရေဝင်ရောက်လျက်ရှိသည့် အခြေခံပညာကျောင်း (၁၉) ကျောင်းအား ယာယီပိတ်ထားရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းမြစ်ရေတက်ရောက်မှုကြောင့် ပန်းတောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၆၀) ကျောင်းရှိသည့်အနက် အခြေခံပညာအထက်တန်းကျောင်း (၁) ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၀) ကျောင်းနှင့် အခြေခံပညာမူလတန်းခွဲကျော င်း (၁) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၉) ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

အဆိုပါကျောင်းများတွင် တက်ရောက် စာသင်ကြားနေသည့် ဆရာ၊ ဆရာမ (၂၀၇) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၈၆၄) ဦး ရှိကြောင်း သိရသည်။

မြစ်ရေများ ပြန်လည်ကျဆင်းချိန်အထိ အဆိုပါ ကျောင်းများကို ယာယီပိတ်ထားမည်ဖြစ်ပြီး မြစ်ရေကျဆင်းချိန်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများ နောက်မကျစေရေးအတွက် စာသင်ချိန်များ အစားထိုးပြန်လည် သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here