တရုတ်မှာ အဝေးပြေးလမ်းတံတား ပြိုကျမှုဖြစ်ခဲ့ပြီး လူ ၁၁ ဦး ‌ေ-သဆုံးကာ ၃၀ ခန့်ပျောက်ဆုံး
ကယ်ဆယ်ရေး အစွမ်းကုန်ဆောင်ရွက်ဖို့ သမ္မတရှီ တိုက်တွန်း

0
203

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ရှန်ဇီပြည်နယ်မှာ သောကြာနေ့က အဝေးပြေးလမ်း တံတားတစ်စင်း ပြိုကျမှုဖြစ်ခဲ့တာကြောင့် လူ ၁၁ ဦး ‌ေ-သဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေ အစွမ်းကုန်ဆောင်ရွက်ဖို့ သမ္မတ ရှီကျင်းပင်က တိုက်တွန်းထားတယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာက စနေနေ့မှာ ဖော်ပြပါတယ်။

Shangluo မြို့မှာ သောကြာနေ့ မနက် ၈း၄၀ နာရီလောက်က မြစ်ရေတိုးနေစဉ်အတွင်း အဝေးပြေးတံတား ပြိုကျသွားခဲ့တာဖြစ်ကာ မြစ်ထဲကို ကားတစ်ချို့ ပြုတ်ကျမှုဖြစ်ခဲ့ပါတယ်။ အောက်က မြစ်ရေထဲကို ကား ငါးစင်း ပြုတ်ကျခဲ့တယ်လို့ စနေနေ့ မနက် ၁၀ နာရီခန့်မှာ အတည်ပြုနိုင်ခဲ့ပြီး လူ ၃၀ ပျောက်ဆုံးနေလျက်ရှိတယ်လို့ နိုင်ငံပိုင် မီဒီယာက ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ရေကြီးရေလျှံမှုကို ထိန်းချုပ်ရမယ့် အရေးကြီး အချိန်ကာလအတွင်း ရောက်ရှိနေပြီး စောင့်ကြည့်ရေးနဲ့ ကြိုတင်သတိပေးမှုတွေကို အားကောင်းအောင်လုပ်ဆောင်ဖို့ရာ ဒေသဆိုင်ရာ အစိုးရတွေမှာ တာဝန်ရှိကြောင်း ရှီက ပြောဆိုခဲ့ပါတယ်။

တရုတ် အမျိုးသား မီးဘေးနဲ့ ကယ်ဆယ်ရေးအာဏာပိုင်အဖွဲ့က အခင်းဖြစ်တံတားရှိရာကို ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၅၉ ဦး၊ ယာဉ်အစီး ၉၀၊ လှေ ၂၀ နဲ့ ဒရုန်း ၄၁ စင်းပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကြောင်း စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

Ref: FMT


LEAVE A REPLY

Please enter your comment!
Please enter your name here