ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးရံ့ခြောက်ပိဿာချိန် (၈၇၀၀၀) ထိ တင်ပို့ရောင်းချထား

0
99

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဒေသထွက် ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ငါးရံ့ခြောက်ပိဿာချိန် (၈၇၀၀၀) ထိ တင်ပို့ရောင်းချထားကြောင်း ဘိုကလေးမြို့ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံများမှ စုံစမ်းသိရှိရသည်။

မေလအတွင်း ငါးရံ့ခြောက်ပိဿာချိန် (၅၈၀၀၀) သာတင်ပို့ရောင်းချနိုင်ခဲ့ကာ ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုအားကောင်းခြင်းကြောင့် ဇွန်လတွင် ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ငါးခြောက်အစုံကို ရန်ကုန်နဲ့ အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ လက်ရှိ ဒေသထွက်ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်လိုအားကောင်းနေပါတယ်။ အခုလို အရောင်းအဝယ်ကောင်းနေတာကြောင့် ကုန်သည်တွေနဲ့ ငါးခြောက်သိုလှောင်ထားသူတွေ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ငါးရံ့ခြောက်ဈေးနှုန်းများမှာ အမျိုးအစားအလိုက် တစ်ပိဿာ ငွေကျပ် (၁၇၅၀၀) မှ (၁၄၅၀၀၀) အထိ ဈေးပေါက်နေကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးရံ့ခြောက်များကို ရန်ကုန်၊ နေပြည်တော်တို့မှတဆင့် တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here