ငါးသားပေါက်ကောင်ရေ (၁၂) သိန်းကျော် လျာထားချက်ပြည့်မီရေး ဆောင်ရွက်နေ

0
316

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကန်၊ ချောင်း၊ သဘာဝရေပြင်များ၌ ငါးမျိုးစိုက်ထည့်မည့် ငါးသားပေါက်ကောင်ရေ (၁၂) သိန်းကျော် လျာ ထားချက်ပြည့်မီရေးနှင့် ဒေသတွင်း ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အဆိုပါ လုပ်ငန်းကိုငါးလုပ်ငန်းစခန်း (တွံတေး) နှင့် လှော်ကား ငါးလုပ်ငန်းစခန်းများမှ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လှော်ကားငါးလုပ်ငန်းစခန်းအနေဖြင့် တိုင်းရင်းငါးမျိုးများထိန်းသိမ်းခြင်း၊ ငါးမျိုးသစ်များပွားများပေးခြင်းနှင့် ငါးသားဖောက်ခြင်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်သည်။

ဒေသတွင်းရှင်သန်ဖြစ်ထွန်းပြီး ဈေးကွက်ရှိသော ငါးရံ့၊ ငါးဖားမမျိုးများအပါအဝင် အရည်အသွေးကောင်း ငါးသားပေါက်မျိုးကောင်း မျိုးသန့်များ တိုးတက်ဖြန့်ဖြူးထုတ်လုပ်ခြင်း၊ ငါးသားပေါက်များနှင့် မွေးမြူနည်းစနစ်များကို ငါးမွေးမြူသူများထံသို့ အသိပညာပေးခြင်း၊ ငါးဆေးထိုးသားဖောက် စာတွေ့၊ လက်တွေ့သင်တန်းများကို ငါးမွေးသူတောင်သူများကိုသင်ကြားနိုင်ရန်လုပ်ဆောင်နေခြင်း၊ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ငါးသားပေါက်များ အဆက်မပြတ်ထုတ်လုပ်နိုင်ရန်ပြင်ဆင်နေခြင်းတို့လုပ်ဆောင်နေကြောင်း ဌာနမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here