အနာဂတ်တွင် ယူကရိန်းကို အမေရိကန်က ကူညီနေခြင်း ရပ်တန့်သွားနိုင်ဟု ဘလင်ကန်ဆို

0
388

ယူကရိန်းနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီများ ပေးအပ်ခြင်းသည် အနာဂတ်တွင် ရပ်တန့်သွားဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် 2024 Aspen လုံခြုံရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပါက ယူကရိန်းအတွက် အကူအညီပေးမှုများကို အမေရိကန်က ဆက်လက်ဆောင်ရွက်ဦးမည်လားဟု မေးမြန်းသောအခါတွင် “[အမေရိကန်] အုပ်ချုပ်ရေးတိုင်းတွင် ၎င်း၏ကိုယ်ပိုင်မူဝါဒများချမှတ်ရန် အခွင့်အလမ်းရှိသည်။ ယင်းကိစ္စကို အနာဂတ်တွင် ကျွန်ုပ်တို့သည် လော့ချထား၍မရပါ” ဟု ဘလင်ကန်က ဖြေကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ၊ ဘလင်ကန်သည် မကြာသေးမီက အမေရိကန်နှင့် ယူကရိန်းတို့ သဘောတူလက်မှတ်ရေးထိုးထားသော လုံခြုံရေးသဘောတူညီချက်ကို ပြန်လည်အမှတ်ရခဲ့သည်။

“အခုတော့ ဒီဟာကို အနာဂတ်မှာ ငြင်းဆန်လာဖို့ဆိုတာမျိုး ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဝမ်းသာစရာကတော့ ကျွန်တော်တို့မှာ ယူကရိန်းနဲ့ အလားတူသဘောတူထားတဲ့ အနောက်နိုင်ငံ(၂၀) လောက်ရှိနေပါတယ်။ ဒီဟာက ယူကရိန်းအတွက် ရေရှည် ကတိကဝတ်တွေပါပဲ” ဟု ဘလင်ကန်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here