ပြည်ပဆေးတင်သွင်းခွင့် ပြန်လည်ခွင့်ပြုပေးထားခြင်းကြောင့် ဆေးဝါးများ ဈေးကွက်အတွင်းပုံမှန်အတိုင်းပြန်ရမည်

0
138

ပြည်ပမှ ဆေးဝါးတင်သွင်းခွင့်အတွက်လိုင်စင်ကို ပြန်လည်ခွင့်ပြုပေးထားခြင်းကြောင့် ဆေးဝါးများ ဈေးကွက်အတွင်းပုံမှန်အတိုင်းပြန်ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထို့ပြင် ဗဟိုဘဏ်မှ ဆေးဝါးတင်သွင်းသူများအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကိုပါ ထုတ်ရောင်းပေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဇူလိုင်လမှစတင်ကာ ဆေးဝါးများအတွက် သွင်းကုန်လိုင်စင်များ ယာယီရပ်ဆိုင်းခဲ့ခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ ဆေးဝါးအချို့ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီးဈေးမြင့်တက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ၂၀၂၄ ခုနှစ် မတ်လမှစတင်ကာ ဆေးဝါးများအတွက် သွင်းကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးခဲ့သည့်အတွက် ဆေးဝါးများ လာမည့်လများတွင် ရောက်ရှိလာမည်ဖြစ်၍ ပြည်တွင်း၌ ဆေးဝါးများ ပုံမှန်အတိုင်း ပြန်လည်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းများကို အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများမှ အဓိက တင်သွင်းနေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း၌ အများပြည်သူအသုံးများသော အိမ်သုံးဆေးများဖြစ်သည့် အကိုက်အခဲပျောက်ဆေး၊ အာရုံကြောအားဆေး၊ ဒဏ်ကြေး‌လိမ်းဆေးအပါအဝင် နာတာရှည်ရောဂါသည်များသုံးစွဲသည့် ဆေးဝါးများသည် ပစ္စည်းပြတ်လပ်မှုရှိသလို ယခင်ထက် ဈေးနှုန်းများမြင့်တက်နေခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here