တဲလ်အဗစ် တိုက်ခိုက်ခံရပြီးနောက် အစ္စရေးက ဟူသီပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် လူ ၃ ဦး ‌ေ-သဆုံးကာ ၈၇ ဦး ဒဏ်ရာရ

0
367

လူ‌ေ-သဆုံးမှုရှိခဲ့တဲ့ တဲလ်အဗစ်မြို့ တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်ခဲ့တယ်လို့ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့က ထုတ်ဖော်ခဲ့ပြီး နောက်တစ်နေ့မှာ အစ္စရေးက ယီမင်ရှိ ယင်းအဖွဲ့ကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

ယီမင်နိုင်ငံ Hodeidah ဆိပ်ကမ်း ဧရိယာက ဟူသီအကြမ်းဖက်အုပ်ချုပ်ရေးအဖွဲ့ စစ်ရေးပစ်မှတ်တွေကို စနေနေ့မှာ မိမိတို့ တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်(IDF) က ပြောဆိုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သောကြာနေ့က တဲလ်အဗစ်မှာ ဟူသီရဲ့ဒရုန်းတိုက်ခိုက်မှုအတွင်း အသက် ၅၀ အရွယ် အစ္စရေးအမျိုးသားတစ်ဦး ‌ေ-သဆုံးခဲ့ရမှုအတွက် တိုက်ရိုက်တုန့်ပြန်ခြင်းဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုသွားပါတယ်။

အစ္စရေးအရာရှိတွေရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုဟာ ယီမင်နယ်မြေအတွင်း အစ္စရေးရဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။

အစ္စရေးဟာ ယီမင် အနောက်ပိုင်းကမ်းရိုးတန်းပေါ်ရှိ ဆိပ်ကမ်းရဲ့ လောင်စာဆီအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး ‌ေ-သဆုံးကာ ၈၇ ဦး ဒဏ်ရာရခဲ့ပြီး အများစုဟာ ပြင်းထန် မီးလောင်ဒဏ်ရာတွေဖြစ်ကြောင်း ဟူသီအဖွဲ့စီမံတဲ့ Al Masirah TV က ဖော်ပြခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အရပ်ဘက်ပစ်မှတ်တွေနဲ့ ဓါတ်အားပေးစက်ရုံတစ်ခုကိုလည်း ထိမှန်ခဲ့တယ်လို့ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူလ်စလမ်က ပြောဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထောက်ခံအားပေးနေမှု ရပ်တန့်သွားစေဖို့၊ ယီမင်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ ပိုတိုးစေဖို့ ရည်ရွယ်တဲ့ အစ္စရေးရဲ့ ရန်လိုသော ရက်စက်မှုဖြစ်တယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို တုန့်ပြန်သွားမယ်လို့ ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ယားယာစရီးက ကြုံးဝါးခဲ့ပြီး ဟူသီတို့ဟာ အစ္စရေးရဲ့ အရေးကြီးတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ လက်တွန့်နေမှာ မဟုတ်ကြောင်းနဲ့ တဲလ်အဗစ်ဟာ ဆက်လက်အန္တရာယ်ရှိနေမှာဖြစ်ကြောင်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

Ref: စီအန်အန်


LEAVE A REPLY

Please enter your comment!
Please enter your name here