ယနေ့ ကျင်းပမည့် TGL-7 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း အလဲထိုးစနစ်ကို ပြန်လည်ကျင့်သုံးမည်

0
122

ယနေ့ ဇူလိုင်(၂၁)ရက်၊ ညနေ (၃)နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း အလဲထိုးစနစ်ကို ပြန်လည်ကျင့်သုံးထားကြောင်း သိရသည်။

ယခင် TGL ပြိုင်ပွဲများတွင် အမှတ်ပေးစနစ်ဖြင့် အနိုင်/အ ရှုံးသတ်မှတ်ပေးခဲ့သော်လည်း ယနေ့ထိုးသ-တ်မည့် ပွဲစဉ်များတွင် ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း အလဲထိုးစနစ်ကို ပြန်လည်ကျင့်သုံးခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ပွဲစဉ်တွင် ခေါင်တွဲဆိုင်းအဖြစ် ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် အမေရိကန် နိုင်ငံသားဘရတ်ပတ်စ်တိုးတို့ ထိုးသ-တ်ကြမည်ဖြစ်ပြီး ဒုခေါင်တွဲဆိုင်းအဖြစ် ရိုးရာဖိုက်တာ ရန်နိုင်ထွန်းနှင့် ထိုင်းနိုင်ငံသား နီရန်တို့ ယှဉ်ပြိုင်ထိုးသ-တ်ကြမည်ဖြစ်သည်။

ပြိုင်ပွဲတွင် မယ်ဒယ်ဝိတ်တန်းမှ ဖယ်သာ ဝိတ်တန်းအထိ ဝိတ်တန်းအလိာက် တွဲဆိုင်း (၈)ဆိုင်း ပါဝင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ခေါင်တွဲဆိုင်းတွင် ထိုးသ-တ်မည့် ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် ရိုးရာလက်ဝှေ့ပွဲများအတွင်း ရှုံးပွဲမရှိသူ တစ်ဦးဖြစ်ကာ၊ လက်ရှိတွင် M2K ကလပ်တွင် ကိုယ်စားပြုကစားနေသူဖြစ်သည်။

ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဖိုက်တာဘရတ်ပတ်စ်တိုး မှာ အသက် (၂၉)နှစ်အရွယ်ရှိသူဖြစ်ကာ MMA ပွဲစဉ်တွင်( ၄) ပွဲနိုင် (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး One Championship ပွဲစဉ်တွင် (၂) ပွဲထိုး (၂)ပွဲရှုံး ရလဒ် ထွက်ပေါ်ထားသူဖြစ်သည်။

၎င်းသည် လက်ရှိ Tiger Muay Thai Club ကိုယ်စားပြု ကစားသမားတစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here