မြိတ်မြို့ ဝါတောကျောင်း ရေချောင်းသို့ လာရောက်လည်ပတ်သည့် အသက် (၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေထဲမျေ–ာပါ၍ အသက်ဆုံးရှုံး

0
453

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ရေမြစ်ကြီးကျေးရွာ၊ ဝါတောကျောင်းရှိ ရေချောင်းသို့ ယ‌မန်နေ့ ဇူလိုင်(၂၀)ရက် ဝါဆိုလပြည့်နေ့တွင် လာရောက်ရာလည်ပတ်ကြသည့် မိန်းကလေးငယ် (၃)ဦးအနက် တစ်ဦး ရေထဲမျေ–ာပါ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်တွင် အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် (၁၄)နှစ်အရွယ် နှင့် (၅)နှစ်အရွယ် မိန်းကလေး (၃)ဦး တို့သည် ရေချောင်းအား လက်တွဲကာဖြတ်လျောက်ရာကြရာမှ ခြေချေ-ာ်၍ သုံးဦးစလုံး ရေထဲမျေ–ာပါ နစ်-မြှ-ပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွက် ပတ်ဝန်းကျင်ရှိ ဒေသခံများက ဝိုင်းဝန်းရှာဖွေကယ်ဆယ်ရာ (၁၅) နှစ်အရွယ်နှင့် (၁၄)နှစ်အရွယ်မိန်းကလေးနှစ်ဦးကိုသာ ကနဦးကယ်တင်နိုင်ခဲ့ပြီး၊ (၅)နှစ်အရွယ် မိန်းကလေးငယ်အား ဆက်လက်ရှာဖွေရာ မိနစ် (၂၀)ခန့်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော်လည်း အသက်ဆုံးရှူံးလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် အသက်ဆုံးရှုံးခဲ့ရသူ (၅)နှစ်အရွယ် မိန်းကလေးငယ်အား မိဘများက ထုံးတမ်းစဉ်လာအရ နာရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဇူလိုင် (၂၂)ရက်တွင် ကလွင်သုဿန်သို့ပို့ဆောင် သဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဇူလိုင်လအတွင်း မိုးရက်ဆက်ရွာသွန်းမှုများကြောင့် မြစ်ရေ ချောင်းရေများ ရေကြီးရေလျှံဖြစ်ပွားလျှက်ရှိသဖြင့် ရေလမ်းခရီးသွားလာကြသည် ခရီးသွားများအနေဖြင့် အသက်ကယ်ဘောကွင်းများ၊ ရေကူးအသက်ကယ်အင်္ကျီများဖြင့် ဝတ်ဆင်သွားလာကြရန် သက်ဆိုင်ရာဒေသတွင်းတာဝန်ရှိသူများက နှိုးဆော်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here