ကာဖျူးထုတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရုံးဋ္ဌာနတွေ ပိတ်လိုက်ပြီး မြို့တော်တခွင် စစ်သားတွေ ကင်းလှည့်

0
295
Bangladesh soldiers stand guard along the road following a curfew and the deployment of military forces in Dhaka on July 20, 2024, after days of clashes during protests against government job quotas across the country. - Soldiers were out in force on July 20 in cities around Bangladesh after another day of lethal clashes between student protesters and police prompted Prime Minister Sheikh Hasina to cancel foreign visits. (Photo by Munir UZ ZAMAN / AFP)

ကျောင်းသားတွေဦးဆောင်တဲ့ အစိုးရအလုပ်ခွဲတမ်းချထားရေးစနစ်ဆန့်ကျင် ဆန္ဒပြမှုတွေအတွင်း ယခုသီတင်းပတ်မှာ လူ ၁၁၄ ဦးအထိ ‌ေ-သဆုံးခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာရဲ့ လူသူကင်းမဲ့နေတဲ့ လမ်းတွေပေါ်မှာ စနေနေ့က စစ်သားတွေ ကင်းလှည့်သွားလာနေပြီး ရုံးနဲ့ ဋ္ဌာနဆိုင်ရာအားလုံး နှစ်ရက်ကြာ ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားခဲ့ပါတယ်။

ဒါကာမြို့ ဧရိယာအချို့မှာ စနေနေ့က တိုက်ခိုက်မှုတွေ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်ပေါ်ခဲ့မှုအတွင်း လူ လေးဦးထက်မနည်း ‌ေ-သဆုံးခဲ့တယ်လို့ ဆေးရုံအချက်အလက်တွေအရ သိရပြီး ကာဖျူးမိန့်အာဏာစိုးမိုးဖို့ရာ လုံခြုံရေးတပ်ဖွဲ့တွေက လမ်းတွေမှာ အတားအဆီးတွေချထားခဲ့ပါတယ်။

တိုင်းပြည်ရဲ့အခြေအနေကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရအဖွဲ့က တနင်္ဂနွေနဲ့ တနင်္လာနှစ်ရက်ကို ရုံးပိတ်ရက်တွေအဖြစ် ကြေညာခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းဆောင်တာတွေကိုသာ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခွင့်ပြုထားခဲ့ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေကိုတော့ ဗုဒ္ဓဟူးနေ့ကစလို့ အာဏာပိုင်တွေက ပိတ်ထားစေတာဖြစ်ပါတယ်။

အစိုးရဝန်ထမ်းနေရာ ခွဲတမ်းစနစ်ကို မကျေနပ်တဲ့ ကျောင်းသားထုဦးဆောင် ဆန္ဒပြမှုတွေကနေ နိုင်ငံအနှံ့ အကြမ်းဖက်ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဟာစီနာအစိုးရက ခွဲတမ်းစနစ်ကို ၂၀၁၈ ခုနှစ်မှာ ရုပ်သိမ်းခဲ့ပေမယ့် ပြီးခဲ့တဲ့လမှာ တရားရုံးက ဒါကို ပြန်အသက်သွင်းစေခဲ့ပါတယ်။ အစိုးရရဲ့ အယူခံဝင်မှုကြောင့် တရားရုံးက ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့ပြီး ဒီကိစ္စကို တနင်္ဂနွေနေ့မှာ ကြားနာသွားမှာဖြစ်ပါတယ်။

ဟာစီနာ လေးကြိမ်ဆက်သက်တမ်း ရွေးကောက်ခံခဲ့ရပြီးနောက်ပိုင်း ဒီဆန္ဒပြမှုတွေဟာ အကြီးဆုံး အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး နိုင်ငံလူဦးရေရဲ့ ငါးပုံတစ်ပုံနီးပါးရှိ လူငယ်တွေအကြား အလုပ်လက်မဲ့ဦးရေမြင့်တက်နေမှုက ဆန္ဒပြမှုတွေကို လောင်စာမြှင့်ပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက်နဲ့စာတိုပို့ဝန်ဆောင်မှုတွေ ကြာသပတေးနေ့ကစလို့ ရပ်ဆိုင်းသွားခဲ့ပြီး လူစုလူဝေး တားမြစ်ချက်ကို ဖီဆန်အံတုတဲ့ ဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုတွေအတွင်း နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးလိုင်းတွေ ဖြတ်ထားခဲ့ပါတယ်။ ပြည်ပဖုန်းခေါ်ဆိုမှု အများစု ချိတ်ဆက်လို့မရ ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာအဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ update သတင်းတွေ တက်မလာတော့သလို သူတို့ရဲ့ မီဒီယာအကောင့်တွေလည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။

Ref: ET


LEAVE A REPLY

Please enter your comment!
Please enter your name here