သာကေတမြို့နယ်တွင် ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လမ်းဘေးအသုပ်ဆိုင်များကို တစ်လထပ်တိုးပိတ်

0
960

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်တွင် ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လမ်းဘေးအသုပ်ဆိုင်၊မုန့်ဟင်းခါးဆိုင်၊မုန့်တီဆိုင်အစရှိသည့် မုန့်ဆိုင်များကို တစ်လထပ်တိုးပိတ်ခိုင်းထားကြောင်း မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

” ဈေးကို တစ်လမရောင်းခိုင်းထားဘူး။ အစကတစ်ပါတ်ပေါ့။အခုကထပ်တိုးပေါ့။ကြိုတင်ကာကွယ်တားဆီးဖို့အတွက် သူတို့ကိုပါဝင်ဆောင်ရွက်ခိုင်းတာပါ။ ကျန်းမာရေးအသိပညာပေးတွေ လုပ်ဆောင်ဖို့ရှိပါတယ်။ အရေးယူဖို့တော့မရှိပါဘူး” ဟု သာကေတမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးကပြောသည်။

ယခုအခါ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ နေအိမ်များတွင် သိုလှောင်ထားသော ရေကန်များ၊ တိုင်ကီများ၊ အုတ်ကန်များအား Stock Solution ဖျော်၍ ကလိုရင်းဆေးခတ်ခြင်းများကို ဆောင်ရွက်နေပြီး ဈေးများ၊စာသင်ကျောင်းများတွက် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကြောင်းလည်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here