လုပ်ကြံခံရမှုဖြစ်စဉ်အပြီး ပထမဆုံး မဲဆွယ်ပွဲမှာ ထရန့်က ဒီမိုကရက်တွေကို လှောင်ပြောင်ခဲ့ပြီး နန်စီပေလိုစီကို စော်-ကားပြောဆို

0
197

ပြီးခဲ့တဲ့ တစ်ပတ်လောက်က လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းချက်တစ်ခုကနေ ကံသီစွာ အသက်ဘေးလွတ်မြောက်ပြီးနောက်ပိုင်း စနေနေ့က ပြုလုပ်တဲ့ သူ့ရဲ့ ပထမဆုံး မဲဆွယ်ပွဲမှာ ထရန့်က ဒီမိုကရက်တွေကို လှောင်ပြောင်ခဲ့သလို ဒီမိုကရက်တစ် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်သူ နန်စီပေလိုစီကို ခွေးနဲ့ ခိုင်းနှိုင်းသုံးနှုန်းသွားခဲ့ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ အမျိုးသားစည်းလုံးညီညွတ်မှုအတွက် တောင်းဆိုခဲ့သူ ထရန့်ဟာ သူ့ရဲ့ ပုံမှန်မဲဆွယ်ဗျူဟာတွေကို ပြန်လည်အသုံးပြုလာခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးနဲ့ ရွေးကောက်ပွဲ မသမာမှုဆိုင်ရာ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ကောက်ချက်တွေထပ်တလဲလဲပြောခဲ့တာဟာ စနေနေ့ မိန့်ခွန်းရဲ့ အဓိကအချက်တွေဖြစ်ခဲ့ပါတယ်။

ပြန်လည်အရွေးမခံဖို့အတွက် ဘိုင်ဒင်ကို ဖျောင်းဖြဖို့ကြိုးပမ်းနေကြတဲ့ ပေလိုစီအပါအဝင် အကြီးတန်း ဒီမိုကရက်အရာရှိတွေကို ထရန့်က ပြက်ရယ်ပြုသွားခဲ့သလို ဂျိုးဘိုင်ဒင်ကို အားနည်းချည့်နဲ့နေသူအဖြစ် ထရန့်က အကြိမ်ကြိမ် လှောင်ပြောင်ခဲ့သည်။

စနေနေ့က Grand Rapids မှာပြုလုပ်တဲ့ ထရန့်ရဲ့ မဲဆွယ်ပွဲမှာ ရဲအင်အားများစွာ ချထားခဲ့ပြီး လမ်းထောင့်တိုင်းလိုလိုမှာ ရဲတပ်ဖွဲ့ဝင်တွေ ရှိနေခဲ့ပါတယ်။ Van Andel Arena ရှိ ထိပ်ပိုင်းလသာဆောင်တွေမှာလည်း အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ချထားခဲ့ပြီး မဲဆွယ်ပွဲ လူအုပ်ကို အပေါ်စီးကနေ စောင့်ကြည့်မှုလုပ်ခဲ့ပါတယ်။

ထရန့်ဟာ မဲဆွယ်ပွဲကို သူ့ရဲ့ ဒုသမ္မတလောင်းအသစ်ဖြစ်တဲ့ အိုဟိုင်းယိုး အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်နဲ့ အတူတွဲ တက်ခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ဘိုင်ဒင်ဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ထရန့်နဲ့ ရင်ဆိုင်မယ့် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့က မရေမရာဖြစ်လာနေခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဘိုင်ဒင်ရဲ့ ညံ့ဖျင်းလှတဲ့ စကားစစ်ထိုးပွဲစွမ်းဆောင်ရည်ကြောင့် သူ့အနေနဲ့ ထရန့်အပေါ် အနိုင်ယူနိုင်ခြေနဲ့ နောက် လေးနှစ် သမ္မတသက်တမ်းကို အပြည့်အ၀ ထမ်းဆောင်နိုင်ပါမလားဆိုတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပြီး အကြီးတန်း ဒီမိုကရက်အချို့က သူ အပြန်အရွေးခံရေး ကြိုးပမ်းနေမှုကို စွန့်လွှတ်လိုက်ဖို့ တောင်းဆိုတာတွေနဲ့ ဘိုင်ဒင်တစ်ယောက် ရင်ဆိုင်နေခဲ့ရပါတယ်။

ဘိုင်ဒင်အနေနဲ့ အနိုင်ယူနိုင်မယ့် လက်တွေ့ကျသော လမ်းကြောင်းမရှိနိုင်တဲ့အပေါ် ဒီမိုကရက်များစွာက စိုးရွံ့မှုရှိနေကြကာ ပါတီဟာ ထရန့်အပေါ် အသာစီးယူနိုင်မယ့် ကိုယ်စားလောင်းအသစ် လိုအပ်နေတယ်လို့ ယူဆကြကြောင်း သိရပါတယ်။

Ref: Rappler.com


LEAVE A REPLY

Please enter your comment!
Please enter your name here