တရုတ်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်အရ အပစ်ရပ်စဲရန် လက်အောက်ခံ တပ်ဖွဲ့များအား MNDAA စစ်ကော်မရှင် ညွှန်ကြားချက်ထုတ်

0
167

တရုတ်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်အရ ဇူလိုင်လကုန်အထိ အပစ်ရပ်စဲမည်ဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် စစ်ကော်မရှင်(MNDAA)က ဇူလိုင်(၁၉) ရက် ရက်စွဲဖြင့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်း ညွှန်ကြားချက်တွင် အပစ်ရပ်စဲရေးကာလအား ညွှန်ကြားချက် ထုတ်သည့် ရက် ဇူလိုင်(၁၉)ရက်မှ ဇူလိုင်(၃၁) ရက်အထိ လက်ရှိရောက်ရှိနေရာများတွင် ဆက်လက်ခံစစ်ဆင်ရန်နှင့် မိမိဘက်မှ စတင် ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ထားရန်နှင့် လေကြောင်းရန်ကာကွယ်ရေးအစီအမံများဆောင်ရွက်ကြရန် ပါရှိသည်။

ထို့ပြင် ထိုးစစ်ဆင်မှု ရပ်တန့်သည့် ကာလတွင် ဒေသအစိုးရနှင့် ပူးပေါင်း၍ စစ်ဘေးဒုက္ခသည်များကို ကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး အပစ်ခတ်ရပ်စဲရေးကာလအတွင်း အစိုးရတပ်များ၏ တိုက်ခိုက်ခြင်းခံရပါက သက်ဆိုင်ရာ တပ်ဖွဲ့များအနေဖြင့် အကန့်အသတ်ဖြင့် မိမိကိုယ်ကို ခုခံကာကွယ်သည့် တန်ပြန်တိုက်ခိုက်မှုများကို သင့်လျော်သလို လုပ်ဆောင်နိုင်ကြောင်းလည်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ထိုယာယီ အပစ်ရပ်စဲရေးအတွက် ကွပ်ကဲရေးတပ်မှူးများ၊ အရာရှိ စစ်သည်များအားလုံး တိကျစွာလိုက်နာကြရန် တရုတ် – မြန်မာ နှစ်ဘာသာဖြင့် ညွှန်ကြားထားခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဇူလိုင် (၁၅) ရက်မှ (၁၈) ရက်အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်နေအပေါ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းဖြစ်ပြီး ယခု ညွှန်ကြားချက်သည် ဒုတိယအကြိမ်မြောက် ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here