2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာနှင့် လာအို ပွဲစဉ်တွင် သရေရလဒ် ထွက်ပေါ်

0
286

ယနေ့ ဇူလိုင် (၂၁)ရက် မြန်မာစံတော်ချိန် ညနေ (၇)နာရီအချိန်တွင် မြန်မာ U-19 အသင်းသည် လာအိုအသင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ Gelora 10 november stadium တွင် အုပ်စု ဒုတိယအ‌ကျော့ပွဲစဉ်အဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၁)ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ပထမပိုင်း ပွဲချိန်အတွင်း မြန်မာအသင်းက ဦးဆောင်ဂိုး(၁) ဂိုးသွင်းယူထားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းပွဲချိန်အပြီးတွင် တစ်ဖက် (၁)ဂိုးစီဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့ရခြင်းဖြစ်သည်။

ယခု ကျင်းပနေသည့် 2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စု ပထမအကျော့ပွဲစဉ်တွင်လည်း ဗီယက်နမ်အသင်းအား တစ်ဘက်တစ်ဂိုးစီဖြင့် သရေ ရလဒ် ကထွက်‌ပေါ်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြင့် ဇူလိုင် (၂၄) ရက်တွင် သြစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရန်ကျန်ရှိ‌နေသေးသည်။

2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဩစတြေးလျ၊ ဗီယက်နမ် ၊ လာအို စသည့် အသင်းများဖြင့် တစ်အုပ်စုတည်းကျရောက်ကာ ယှဉ်ပြိုင်နေကြရခြင်းဖြစ်သည်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၃) ဦး စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ဇူလိုင် (၁၆)ရက် နံနက်ပိုင်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here