The Great Lethwei -TGL-7 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုး ပူးတွဲသရေ ရရှိ

0
452

ယနေ့ ကျင်းပပြုလုပ်သည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင် ခေါင်တွဲ‌ဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည့် ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် အမေရိကန်နိုင်ငံသား ဘရတ်ပတ်စ်တိုးတို့ ပူးတွဲသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဒုခေါင်တွဲဆိုင်းဖြစ်သည့် ရိုးရာဖိုက်တာ ရန်နိုင်ထွန်းနှင့် ထိုင်းဖိုက်တာ နီရန် တွဲဆိုင်းတွင် ရန်နိုင်ထွန်းက အလဲထိုးဖြင့် ထိုင်းပြိုင်ဘက်အား အနိုင်ရရှိခဲ့သည်။

ယနေ့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည့် တွဲဆိုင်း (၈)ဆိုင်းအနက် မြန်မာအချင်းချင်း ယှဉ်ပြိုင်ကြသည့် တွဲဆိုင်း (၅)ဆိုင်းမှာ အလူးအလဲဖြင့် ပူးတွဲသရေများ ရရှိခဲ့ကြပြီး၊ တွဲဆိုင်း(၆) ဆိုင်းမြောက်တွင် ထိုးသ-တ်ခဲ့ကြသည့် ရိုးရာဖိုက်တာ အောင်ထက်ဟိန်းနှင့် သွေးလင်းထက်တို့ ပွဲစဉ်တွင် သွေးလင်းထက် က အနိုင်ရရှိခဲ့သည်။

ယနေ့ ကျင်းပပြုလုပ်မည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း အလဲထိုးသူကို အနိုင်ယူစနစ်ဖြင့် ကျင့်သုံးထားခြင်းဖြစ်ပြီး Canal+မှ ပွဲကြိုတွဲဆိုင်း (၄)ဆိုင်းကိုသာ Live လွှင့် ပြသပေးခဲ့သည်။

ပြိုင်ပွဲတွင် မယ်ဒယ်ဝိတ်တန်းမှ ဖယ်သာ ဝိတ်တန်းအထိ ဝိတ်တန်းအလိုက် တွဲဆိုင်း (၈)ဆိုင်း ပါဝင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်သည်။

အဓိက ခေါင်တွဲဆိုင်းတွင် ထိုးသ-တ်ခဲ့သည့် ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် ရိုးရာလက်ဝှေ့ပွဲများအတွင်း ရှုံးပွဲမရှိသူ တစ်ဦးဖြစ်ကာ လက်ရှိတွင် M2K ကလပ်တွင် ကိုယ်စားပြုကစားနေသူဖြစ်သည်။

အလားတူ ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဖိုက်တာဘရတ်ပတ်စ်တိုး မှာ MMA ပွဲစဉ်တွင်( ၄) ပွဲနိုင် (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး One Championship ပွဲစဉ်တွင် (၂) ပွဲထိုး (၂)ပွဲရှုံး ရလဒ် ထွက်ပေါ်ထားသူဖြစ်သည်။

၎င်းသည် လက်ရှိ Tiger Muay Thai Club ကိုယ်စားပြု ကစားသမားတစ်ဦးလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here