ပြုံယမ်းက အမှိုက်မီးပုံးပျံများကို ဆိုးလ်ဘက်သို့ထပ်လွှတ်တင်

0
256

ဆိုးလ်၊ဇူလိုင် ၂၁

တောင်ကိုရီးယားက အသံချဲ့စက်ဖြင့် တုန့်ပြန်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက တောင်ဘက်သို့ အမှိုက်များပါဝင်သည့် မီးပုံးပျံများကို ထပ်မံလွှတ်တင်ခဲ့ကြောင်းသိရသည်။

တောင်ကိုရီးယားဘက်မှ တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယားဘက်သို့ ဝါဒဖြန့်ချိရေးစာရွက်များကို မီးပုံးပျံမှတစ်ဆင့်ကျဲချခဲ့သည်ကိုအကြောင်းပြု၍ မြောက်ကိုရီးယားက ယခုကဲ့သို့ အမှိုက်မီးပုံးပျံများဖြင့် တုန့်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“မြောက်ကိုရီးယားဘက်က အမှိုက်မီးပုံးပျံတွေကို နောက်ထပ် အသုတ်လိုက်လွှတ်တင်နေပါတယ်” ဟု ပူးတွဲစစ်ဦးစီးချုပ်များကထုတ်ပြန်ခဲ့ပြီး အဆိုပါမီးပုံးပျံများသည် Gyeonggi မြောက်ဘက်ခြမ်းသို့ ဦးတည်ရွေ့လျားနေကြောင်းလည်း ဇူလိုင် ၂၁ ရက်ကထုတ်ပြန်ခဲ့သည်။

“မီးပုံးပျံတွေ ကို တွေ့ရင် ကျေးဇူးပြုပြီး စစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့ကို သတင်းပို့ပါ။ မီးပုံးပျံမှာပါလာတဲ့အရာဝတ္ထု တွေ နဲ့ တိုက်ရိုက်မထိတွေ့ပါနဲ့” ဟုလည်း ၎င်းတို့၏ကြေငြာချက်၌ဖော်ပြထားသည်။

တောင်ကိုရီးယားကအသံချဲ့စက်ဖြင့်ဝါဒဖြန့်ခြင်းကို ဆက်လုပ်မည်ဟု ပြောခဲ့ပြီးသုံးရက်အကြာ၌ ယခု ကဲ့သို့ မီးပုံးပျံများ ကို ထပ်မံလွှတ်တင်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းလုပ်ရပ်ကြောင့် လေကြောင်းသွားလာမှုများပါထိခိုက်ရသည့်အတွက် တောင်ကိုရီးယားကလည်း အသံချဲ့စက်ဝါဒဖြန့်မှုကို ထပ်တိုးလုပ်ဆောင်မည်ဟုဆိုခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here