အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ သင်တန်းသားခေါ်ယူနေ

0
319

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများဖွင့်လှစ်ထားပြီး သင်တန်းသားများခေါ်ယူနေကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တ န်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆) ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ယင်းအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ ၂၀၂၄ -၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်၊ တတိယအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်းအား ဇူလိုင် (၂၂) ရက်မှ ဩဂုတ် (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်လိုသော သင်တန်းသား (အမျိုးသမီး/ အမျိုးသား) များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း၍ တက်ရောက်နိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here