ပေါင်မြို့နယ် ဆင်ရွာရေတံခွန်၌ ရေထဲတွင် ‌ေ- သဆုံးနေသည့် အမျိုးသမီးတစ်ဦးတွေ့ရှိ

0
330

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်တွင် ရေထဲရှိကျောက်တုံးကြီးများကြား၌ လူတစ်ဦးညှ–ပ်ပြီး‌ေ-သဆုံးနေကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လ (၂၁) ရက် နေ့လယ် (၂) နာရီ (၁၅) အချိန်က ဆင်ရွာရေတံခွန်တွင် လူတစ်ဦး ရေထဲတွင် ‌ေ-သဆုံးနေကြောင်း သတင်းရရှိ၍ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ရေစီးသန်နေသော ရေလမ်းကြောင်းရှိကျောက်တုံးကြားထဲ ‌ေ-သဆုံးနေကြောင်းတွေ့ရှိခဲ့သည့်အတွက်ကယ်ဆယ်ထုတ်ယူနိုင်ရန် ကြိုးများဆင်၍ အချိန်(၂)နာရီကြာထုတ်ယူ ဆယ်ယူသောလဲ ရေစီးသန်‌နေသောကြောင့်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်း မိန်းခ‌လေး၏ de@d body ရေထဲမျော်ပါမသွားအောင်ပြုလုပ်ထားခဲ့ပြီး ရေလမ်းကြောင်း လွှဲပေးမှသာ ဆယ်ယူနိုင်မည််ဖြစ်၍ ယနေ့ဇူလိုင်လ (၂၂)ရက် ရွာသားများက ဝိုင်းဝန်းကူညီရေလမ်းကြောင်းလွှဲမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း‌ေ-သဆုံးနေသည့် အမျိုးသမီးသည် မုဒုံမြို့နေသူ အသက်(၁၄)နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here