ပုဂံယဉ်ကျေးမှုဒေသနှင့် လိုက်ဖက်ညီသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆွဲဆောင်မှုကြောင့် ယခုနှစ်တွင် ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထား

0
88

ယခု ၂၀၂၄ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုဒေသ၌ ၂၀၂၄ ပုဂံယဉ်ကျေးမှုဒေသနှင့် လိုက်ဖက်ညီသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်းများ၏ ဆွဲဆောင်မှုဖြင့် ၂၀၂၃ ခုနှစ်ထက် ခရီးသွားပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှုဒေသသည် မြန်မာနိုင်ငံတွင် ခရီးသွားအများဆုံး ဝင်ရောက်ရာ ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ခရီးသွားရာသီတွင် ပုဂံဒေသသို့ ထိုင်း၊ တရုတ်၊ ရုရှားနှင့် အမေရိကန်ခရီးသွားတို့ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ တစ်ခုဖြစ်သည့် ပုဂံဒေသတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည့် ပိုမိုဝင်ရောက်ပြီး ဆွဲဆောင်မှုရှိသည့် ခရီးစဉ်ဒေသများကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ၂၀၂၃ ခုနှစ်ထက် ၂၀ ၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ခရီးသွားဧည့်သည်အဆက်မပြတ် ဝင်ရောက်ခဲ့ပြီး သင်္ကြန်ကာလ ဧပြီလ၌ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အပူရှိန်ပြင်းထန်ချိန်ဖြစ်သည့် မေလတွင်လည်း တစ်ရက်လျင်ခရီးသွား (၇၀၀) မှ (၈၀၀) ခန့်နှင့် ရုံးပိတ်ရက်များတွင် (၁၀၀၀) ခန့်အထိ ခရီးသွားပြတ်လပ်မှုမရှိဘဲ ဝင်ရောက်ခဲ့သလို မိုးရာသီကာလတွင်လည်း ခရီးသွားဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here