ရွေးကောက်ပွဲပြန်ဝင်မယ့် အစီအစဉ် ဘိုင်ဒင် အဆုံးသတ်လိုက်ပြီး ဒု-သမ္မတ ဟဲရစ္စကို သူ့နေရာအတွက် ထောက်ခံချက်ပေး

0
113

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ ပြန်လည်ရွေးကောက်ခံရရေး ကြိုးပမ်းမှုကို တနင်္ဂနွေနေ့မှာ အဆုံးသတ်လိုက်ပြီဖြစ်ပြီး သူ့နေရာကို ဆက်ခံမယ့်သူအဖြစ် ဒုတိယ သမ္မတ ကမ်မလာ ဟဲရစ္စကို ထောက်ခံချက်ပေးခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်နဲ့ သူ့ရဲ့ အစွန်းရောက်နိုင်ငံရေးအစီအစဉ်တွေကို အနိုင်ယူသွားမှာဖြစ်ကြောင်း ကမ်မလာ ဟဲရစ္စက ကြွေးကြော်ခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒင် ပြိုင်ပွဲကနေနုတ်ထွက်ခဲ့ပြီးချိန်တွင် မစ္စ ဟဲရစ္စက နောက် ဒီမိုကရက်သမ္မတလောင်းဖြစ်လာဖို့ ရေးပန်းစားလာခဲ့ပြီး မစ္စတာ ထရန့် အိမ်ဖြူတော် မရောက်ရေး အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။

“ကျွန်မတို့မှာ ရွေးကောက်ပွဲရက်အထိဆို ရက်ပေါင်း ၁၀၇ ရက် အချိန်ရပါသေးတယ်၊ ကျွန်မတို့ အတူတိုက်ပွဲဝင်မယ်၊ အတူအနိုင်ယူကြပါမယ်” လို့ သူမက ဆိုခဲ့ပါတယ်။

မစ္စတာ ဘိုင်ဒင် ပြိုင်ပွဲကနေ နုတ်ထွက်သွားပြီးနောက် မစ္စဟဲရစ္စ က ပိုလွယ်ကူတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်လိမ့်မယ်လို့ သူ ယုံကြည်ကြောင်း သမ္မတဟောင်း ထရန့်က စီအန်အန်ကို ပြောဆိုသွားပါတယ်။

ထရန့်ရဲ့ မဲဆွယ်အဖွဲ့ကတော့ မစ္စတာ ဘိုင်ဒင်ဟာ သူတို့အတွက် အနိုင်ယူဖို့ အလွယ်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီမိုကရက်တစ် သမ္မလောင်းနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေရဲ့ အကြီးမားဆုံး စိုးရိမ်ချက်က သူ့ရဲ့ အသက်အရွယ်ဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ အမျိုးသမီး မဲဆန္ဒရှင်တွေကို ဆွဲဆောင်လာနိုင်တဲ့ မစ္စဟာရစ္စရဲ့ အလားအလာနဲ့အတူ ထရန့်အတွက်တော့ ယခုအခါ အခြားဖြစ်နိုင်ခြေရှိ ပြိုင်ဘက်တွေထက် ပိုမိုအာရုံစိုက်ရမယ့်သူ ဖြစ်လာမှာပါ။

Ref: The Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here