လူအ‌ေ-သအပျောက်ရှိ မငြိမ်သက်မှုတွေပေါ်ပေါက်စေခဲ့သော ဝန်ထမ်းအလုပ်အကိုင်ချထားမှု ခွဲတမ်းနေရာအများစုကို ဘင်္ဂလားဒေ့ရှ်ိ တရားရုံးချုပ် ပယ်ဖျက်

0
106

နိုင်ငံတစ်ဝန်း လူအ‌ေ-သအပျောက်ရှိ အဓိကရုဏ်းတွေ ပေါ်ပေါက်စေခဲ့တဲ့ အငြင်းပွားဖွယ် အလုပ်အကိုင်ချထားမှုစနစ် ခွဲတမ်းတွေကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ကြီးကြီးမားမား လျှော့ချဖျက်သိမ်းမှုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်က ယင်းစနစ်ဆန့်ကျင် ဆန္ဒပြမှုတွေအတွင်း လူ ၁၀၀ ကျော် ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ပြန်တွေရဲ့ မျိုးဆက်တွေအတွက် သတ်မှတ်တဲ့ အလုပ်ခွဲတမ်းကို ၅ ရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်ဖို့၊ အလုပ်နေရာ ၉၃ ရာခိုင်နှုန်းကို အရည်အချင်းအလိုက် ခွဲဝေချထားဖို့နဲ့ ကျန် ၂  ရာခိုင်နှုန်းကို လူနည်းစုတိုင်းရင်းသားတွေ၊ လိင်ပြောင်းတွေနဲ့ မသန်စွမ်းသူတွေကို ခွဲဝေချထားဖို့ တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။

ကျောင်းသားအများစုဦးဆောင်တဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အာဏာရ အဝါမီလိဂ်ပါတီနဲ့ ဆက်နွယ်တဲ့ အုပ်စုတွေက ဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့ရာမှ လူ‌ေ-သဆုံးရှိ အခြေအနေတွေ ပြောင်းလဲဖြစ်ပေါ်သွားခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ တရားရုံးရဲ့ စီရင်ချက်ထွက်လာတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေအပေါ် ဥပဒေနဲ့မညီစွာ အင်အားသုံးခဲ့တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက စွပ်စွဲခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကို တာဝန်ယူစီစဉ်တဲ့ ကျောင်းသားအဖွဲ့တွေက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပေမယ့် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြစ်စဉ်တွေအတွက် တာဝန်ရှိတဲ့ အရာရှိတွေ ရာထူးကနုတ်ထွက်ပေးဖို့ အပါအဝင် သူတို့ရဲ့ အဓိကတောင်းဆိုချက်တွေ မရမချင်း ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်ဖိအားပေးသွားကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစောပိုင်းကတော့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာဖျူးမိန့်ထုတ်ခဲ့ပြီး သူမရဲ့ လေးနှစ်ဆက်သက်တမ်းအတွင်း အကြီးမားဆုံး ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့အတွက် စစ်တပ်ကို ပစ်မိန့်ပေးခဲ့ပါတယ်။

တရားရုံးချုပ် စီရင်ချက်မချခင် ထုတ်ထားတဲ့ ကာဖျူးမိန့်ကို ပြည်သူတွေ အစားအစာ ရိက္ခာဝယ်ယူစုဆောင်းနိုင်ရေးအတွက် နှစ်နာရီကြာ ဖြေလျှော့ပေးသွားပြီးနောက် အကန့်အသတ်မရှိ ဆက်လက်ပြဋ္ဌာန်းထားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောဆိုခဲ့ပါတယ်။

Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here