တိုက်စစ်မှူး သန်းပိုင်ကို ကန်ချနာဘူရီပါဝါအက်ဖ်စီအသင်းက ခေါ်ယူ

0
214

မြန်မာလက်‌ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို ထိုင်းလိဂ် (၂) ကလပ်အသင်းဖြစ်သည့် ကန်ချနာဘူရီပါဝါအက်ဖ်စီက ခေါ်ယူခဲ့ကြောင်း ယင်းအသင်းက တရားဝင် အသိပေးထုတ်ပြန်ထားသည်။

သန်းပိုင်သည် ပြီးခဲ့သည့် ထိုင်းလိဂ် ဘောလုံးရာသီအကုန်အထိ ချင်းမိုင်ယူနိုက်တက်အသင်းတွင် ကစားခဲ့ပြီး‌နောက် ကန်ချနာဘူရီပါဝါအက်ဖ်စီအသင်းသို့ ပြောင်းရွှေ့ခဲ့လာခဲ့ခြင်းဖြစ်သည်။

ကန်ချနာဘူရီပါဝါအက်ဖ်စီအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ ထိုင်းလိဂ်(၂) ပြိုင်ပွဲတွင် အဆင့် (၁၃)ဖြင့် ရပ်တည်နေသော အသင်းတစ်သင်း ဖြစ်သည်။

သန်းပိုင်သည် ချင်းမိုင်းယူနိုက်တက်အသင်းနှင့် ဇွန်(၉)ရက်တွင် လမ်းခွဲခဲ့ခြင်းဖြစ်ပြီး နှုတ်ဆက်စာတစ်စောင်ကိုလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမျှဝေထားသ ည်ကို တွေ့ရသည်။

‘ အသင်းရဲ့ ဥက္ကဋ္ဌ ၊ အသင်းဖော်တွေ နဲ့ နည်းပြများ ၊ ဝန်ထမ်းများနှင့် ပရိတ်သတ်များကို ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံးပြောချင်ပါတယ်။ အခု ရာသီမှာ ချင်းမိုင်ယူနိုက်တက်မှာ ကစားခဲ့ရတာ အရမ်းပျော်ပါတယ်။ ဒါပေမဲ့ ခုချိန်ကတော့ နှုတ်ဆက်စကားပြောရမဲ့ အချိန်ပါပဲ။ အားလုံးကိုကျေးဇူးတင်ပါတယ် ”ဟု ၎င်းက ရေးသားမျှဝေထားခြင်းဖြစ်သည်။

ချင်းမိုင်ယူနိုက်တက်အသင်းသည် သန်းပိုင်အပါအဝင် နိုင်ငံခြားသားကစားသမားတွေဖြစ်သည့် ကိုရီးယားကစားသမား လင်ဂျေဟွတ်၊ ဘရာဇီးတိုက်စစ်မှူး သီယာဂိုမော်စကွီတို၊ ဗင်နီဇွဲလားကွင်းလယ်ကစားသမား ဂျက်ဖရန်ဆွာရက်ဇ်၊ ဘရာဇီးနောက်ခံလူ မာလွန်ဒါဆေးလ်ဗားတို့နှင့်လည်း လမ်းခွဲခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here