ယနေ့ ဒုတိယအကျော့ Week-9 အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြန်လည် စတင်မည်

0
288

ယနေ့ ဇူလိုင်(၂၂)ရက် ညနေပိုင်းတွင် ဒုတိယအကျော့ Week-9 အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြန်လည် စတင်ပြီဖြစ်ရာအုပ်စုထိပ်ဆုံးအဆင့်တွင် ရပ်တည်နေသော ရန်ကုန်ယူနိုက်တက်အသင်းနှင့် အုပ်စုအဆင့် အောက်ဆုံးတွင်ရပ်တည်နေသော ရှမ်းယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။

ယနေ့တွင် Week-9 ပွဲစဉ်တွင် (၃)ပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက်၊ YERO နှင့် သစ္စာအားမာန်၊ မြဝတီနှင့် ဧရာဝတဖိအသင်းတို့ ထိပ်တိုက်တွေ့ဆုံကြမည့်နေ့ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ယူနိုက်တက်သည့် အမှတ်ပေးဇယားရပ်တည်မှု အဆင့် (၁)တွင် ရပ်တည်နေပြီး ရှမ်းယူနိုက်တက် သည် ရမှတ်မရရှိသေးဘဲ အဆင့် (၇)နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

အလားတူ YEROအသင်းသည် အမှတ်ပေးဇယားရပ်တည်မှု အဆင့် (၆)တွင်ရပ်တည်နေပြီး၊ သစ္စာအားမာန်အသင်းမှာ အဆင့် (၅)နေရာတွင် ရပ်တည်နေကြသည့် အသင်းများဖြစ်သည်။

ထို့အတူ မြဝတီအသင်းသည် အမှတ်ပေးဇယားရပ်တည်မှု အဆင့်(၄)တွင်ရပ်တည်နေပြီး ဧရာဝတီအသင်းမှာအဆင့် (၃)နေရာတွင် အသီးသီးရပ်တည်နေကြသော အသင်းများဖြစ်သည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ပြီး ဒုတိယအကျော့အား ဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ ကစားသွားမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီး အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here