မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းများအတွက် မှတ်ပုံတင်လက်မှတ် အစောင်ရေ (၁၁,၅၀၀) ကျော် စိစစ်ခွင့်ပြုပေးထား

0
194

မြန်မာနိုင်ငံအတွင်းရှိ မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းများအတွက် မှတ်ပုံတင်လက်မှတ် အစောင်ရေ (၁၁,၅၀၀) ကျော် စိစစ်ခွင့်ပြုပေးခဲ့ပြီး မြေဩဇာတင်သွင်း၊ ထုတ်လုပ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊မြေအသုံးချရေးဌာနခွဲမှ သိရသည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်ပယ်ဖျက်လိုက်သည့် လက်မှတ်အစောင်ရေ (၄၀၀၀) ကျော်ရှိပြီးလက်ရှိတွင် လက်မှတ် (၆၀၀၀) ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းများအတွက် မှတ်ပုံတင်လက်မှတ်သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးလျက်ရှိပြီး ကုမ္ပဏီပေါင်း (၇၇၄) ခုဖြင့် တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှု လုပ်ငန်းများအတွက် မှတ်ပုံတင်လက်မှတ် (၉၅၈) စောင်ထုတ်ပေးခဲ့ပြီး ကုမ္ပဏီပေါင်း (၁၇၀) ကျော်မှ မြေဩဇာတန်ချိန် ၁ ဒသမ ၆၂ သန်းတင်သွင်းခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here