ထိုင်း ဘီဂျီပက်သူရမ်အသင်းနှင့် ဒေါ့မွန်အသင်း ခြေစမ်းပွဲ ထိုင်းအသင်း (၄)ဂိုးပြတ်ဖြင့် အနိုင်ရရှိ

0
74

ထိုင်းနိုင်ငံ နာမည်ကြီးဘောလုံး ကလပ်အသင်း တစ်သင်းဖြစ်သည့် ဘီဂျီပက်သူရမ်အသင်းနှင့် ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းတို့ ယမန်နေ့ ဇူလိုင် (၂၁) ရက် ညနေပိုင်းအချိန်တွင် ခြေစမ်းပွဲကစားရာ ဘီဂျီပက်သူရမ်အသင်းက (၄)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထိုင်းလိဂ်ကလပ် ဘီဂျီပက်သူရမ်အသင်းသည် ထိုင်းလိဂ်ထိပ်တန်းအသင်း တစ်သင်းဖြစ်ပြီး နာမည်ကျော် ထိုင်းကစားသမားများဖြစ်သည့် တီယာဆေးလ်၊ ချာနာသစ်တို့ ပါဝင်ကစားနေသည့် အသင်းဖြစ်သည်။

ဘီဂျီပက်သူရမ်အသင်းသည် ၂၀၂၄ – ၂၀၂၅ ဘောလုံးရာသီအကြိုအဖြစ် တရားဝင်ခြေစမ်းပွဲအား ဂျာမန်ဘွန်ဒက်စ်လီဂါမှ နာမည်ကြီးအသင်းဖြစ်သည့် ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲအား ဘီဂျီပက်သူရမ်အသင်း၏ ကွင်းအတွင်း ယှဉ်ပြိုင်ကစားကြခြင်း ဖြစ်သည်။

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် ဇူလိုင် (၂၀)ရက်က ခြေစမ်းပွဲကစားရန် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၂၁)ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ပရိသတ်ထောင်နှင့်ချီကာ လာရောက်အားပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here